September 19, 2024

၃၁. ၈. ၂၀၂၄
Written by Nay Moe

မနေ့က သြဂုတ် ၃၀ ရက် ညနေပိုင်းမှာ ကိုးကန့်တရုတ်လက်နက်ကိုင် MNDAA တိုက်ခိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ လေကြောင်းတိုက်ခိုက်ခံရပြီး ဗုံးနှစ်လုံးကြဲခံရပေမဲ့ ထိခိုက်မှုမရှိဘူးလို့ MNDAA လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ Larshio Revonstruction မှာ ဖော်ပြထားမှုအရ သိရပါတယ်။

Larshio Revonstruction မှာ ဖော်ပြထားမှုအရလေကြောင်းတိုက်ခိုက်မှု တစ်ခုဟာ လားရှိုး အမှတ် (၈) အထက်တန်းကျောင်းမှယ ဗုံးတစ်လုံး ကျရောက်ခဲ့ပြီး ကျောင်းဆောင် အများအပြား ပျက်စီးခဲ့သလို နောက်ထပ်လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ ဗုံးဟာ အမှတ် (၈) အလယ်တန်းကျောင်းအနီးက လူနေအဆောက်အအုံတစ်ခုအနီး ကျရောက်ခဲ့ပြီး လူနေအဆောက်အအုံအပေါ်ဆုံးထပ်ကို ပြင်းထန်စွာ ပျက်စီးစေခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့မြို့တွေဟာ ၁၀၂၇ စစ်ဆင်ရေးနှစ်ခုနဲ့ သိမ်းပိုက်စဥ်ကလည်း ပြည်သူရာချီ သေဆုံးခဲ့သလို လက်ရှိ မြို့ကို တိုက်ခိုက်ထိန်းချုပ်ထားချိန်မှာလည်း အေးချမ်းခွင့်မရဘဲ မကြာခဏ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

လက်ရှိ လေကြောင်းတိုက်ခိုက်မှုကြောင့် MNDAA ထိန်းချုပ်မှုအောက် နေထိုင်နေသူတွေ ထိတ်လန့်တကြား ဖြစ်ခဲ့ရပေမဲ့ ကံအားလျော်စွာ အသေအပျောက်မရှိခဲ့ကြောင်းနဲ့ လက်ရှိမှာ သက်ဆိုင်ရာဌာနတွေက ထိခိုက်မှုတွေ စာရင်းလုပ်နေတယ် ​ပြောပါတယ်။

Photo – Lashio Reconstruction

Leave a Reply

Your email address will not be published. Required fields are marked *