September 19, 2024

၃၀.၈. ၂၀၂၄
Written by Shwe Phyo

အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ လက်စတာမြို့မှာနေထိုင်နေတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးဟာ ထီနံပါတ်တစ်ခုတည်းကို နှစ်ပေါင်းများစွာ ထိုးနှံလာခဲ့ရာလက်ရှိအချိန်မှာတော့ အဲဒီ ထီဂဏန်းကြောင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၄ သန်း ပိုင်ဆိုင်တဲ့ သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်လာစေခဲ့ကြောင်း သိရပါတယ်။

လက်စတာမြို့မှာ နေထိုင်တဲ့ ကီဗင်ကော်နာဟာ သူ့မိန်းမရဲ့ ဖုန်းနံပါတ်အဟောင်းကို နှစ် ၃၀ တိုင်တိုင် ထီထိုးလာခဲ့တာဖြစ်ပြီး သြဂုတ်လအတွင်း ကျင်းပခဲ့တဲ့ ထီဖွင့်ပွဲမှာ
အဲဒီ ထီနံပါတ်ကနေ ထီပေါက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကီဗင်ကော်နာဟာ သူ့ရဲ့ဇနီးဖြစ်သူနဲ့ စတင်ချစ်ကြိုက်ချိန်တည်းက သူ့ဇနီးရဲ့ဖုန်းနံပါတ်အဟောင်းတွေကို ထီထိုးနေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

”သြဂုတ်လအစောပိုင်းအတွင်း နံနက်အိပ်ယာထချိန်မှာ ဖုန်းကို ယူပြီး ထီတိုက်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်ထိုးထားတဲ့ ထီနံပါတ်က ထီပေါက်နေခဲ့တယ်။ ကျွန်တော်တို့ မိသားစုဟာ လက်ရှိအချိန်မှာ ကံကောင်းခြင်းတွေ စတင်ရောက်ရှိလာနေတယ်လို့ ခံစားမိတယ်။” လို့ ကီဗင်ကော်နာက ပြောပါတယ်။

မစ္စတာကော်နာက အမေရိကန်ဒေါ်လာ သုံးသန်းနီးပါးတန်ဖိုးရှိ ထီဆုကြီးပေါက်ခဲ့ပေမယ့် သူ့အတွက် ကြီးကြီးမားမား ဝယ်ယူမှာမဟုတ်ဘဲ ခြေအိတ်အသစ်တစ်ခုသာဝယ်ယူသွားမှာဖြစ်ပြီး ကျန်ငွေကြေးများအားလုံးကို သားသမီးများ ပညာရေးအတွက်သာ အဓိကထားအသုံးပြုသွားမှာဖြစ်ကြောင်း ပြောပါတယ်။

REF UPI

Leave a Reply

Your email address will not be published. Required fields are marked *