September 19, 2024

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်ရှိအခြေအနေများနှင့်ပတ်သက်ပြီး စိုးရိမ်မှုဖြစ်ရကြောင်း တရုတ်အစိုးရ ပြော

၃၀.၈. ၂၀၂၄
Written by Shwe Phyo

တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် မြန်မာနိုင်ငံ၏လက်ရှိအခြေနေများနှင့်ပတ်သက်ပြီး စိုးရိမ်မှုဖြစ်ရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ယနေ့ သြဂုတ် ၃၀ ရက်နေ့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။

ယနေ့တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲအတွင်း AFP သတင်းဌာနက တရုတ်အစိုးရသည် တအောင်းလက်နက်ကိုင်အဖွဲ့ TNLA ကို မြန်မာနိုင်ငံမြောက်ပိုင်းတရုတ်နှင့် မြန်မာနယ်စပ်ဒေသတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်ဟု  မြန်မာနိုင်ငံရှိ မီဒီယာအချို့တွင်ဖော်ပြနေကြောင်း၊ အဆိုပါ ဖော်ပြမှုများက မှန်ကန်မှုရှိပါသလား ဆိုသောအချက်အပြင် မြန်မာနှင့် တရုတ်နယ်စပ်ဒေသအခြေနေများကို ဖြေကြားပေးစေလိုကြောင်း မေးမြန်းခဲ့သည်ဟုသိရသည်။

အဆိုပါ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော Lin Jian က ” တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အကြီးမားဆုံး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် မြန်မာ နိုင်ငံ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ရရှိအောင် ကူညီပေးဖို့ ကတိပြုထားသလို အမြဲတမ်းမျှော်လင့်ထားတယ်။တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များကို အပြုသဘောဆောင်တဲ့အခန်းကဏ္ဍကပါဝင်သွားမယ်။ မြန်မာနိုင်ငံမြောက်ပိုင်းအခြေနေများကို ဖြေလျော့နိုင်အောင် အရှိန်မြင့်လုပ်ဆောင်သွားမယ်။” ဟု ဖြေဆိုသည်။

တရုတ်စစ်တပ်သည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော တရုတ်နိုင်ငံဘက်ခြမ်းတွင် သြဂုတ် ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ စစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်ခဲ့ပြီးနောက် TNLA ကို အပစ်အခတ်ချက်ချင်းရပ်ရန်နှင့် မရပ်ပါက ကြောက်ရွံ့ကျိုးနွံမှုနှင့် ဆုံးမသွန်သင်မှုနည်းလမ်းများ ပိုမိုလုပ်ဆောင်မည်ဟု သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသတိပေးမှုကို ငြင်းဆန်ခြင်းမရှိဘဲ အထက်ပါအတိုင်းဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref, chinanews

Leave a Reply

Your email address will not be published. Required fields are marked *