September 19, 2024

၃၀.၈.၂၀၂၄
Written By Thandar

Horror Thriller ဇာတ်လမ်းပုံစံ “လက်ဆောင်” ဇာတ်လမ်းတွဲ Press Show ကို ယနေ့ ဩဂုတ် ၃၀ ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။

“ကျေးရွာဒေသ သဘာဝအလှတရားတွေအပြင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို သိရှိစေဖို့ ရိုက်ကူးထားတာပါ။ လူဝင်စားဖြစ်ရပ်ဆန်းကြယ် ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်လမ်းလည်းဖြစ်ပါတယ်။ အိမ်ထောင်ရေးဇာတ်တွေ၊ ဒရာမာဇာတ်တွေ လောင်ရတာတွေ ရိုက်တာများနေတဲ့ကာလမှာ ကျွန်တော့်အနေနဲ့ ပရိသတ်အမြင်ဆန်းစေမှာလေးကို ရိုက်ဖြစ်လိုက်တာပါ” လို့ ဒါရိုက်တာ ပြည့်ဖြိုးမောင် (PPN)က ပြောပါတယ်။

အဆိုပါဇာတ်ကားရဲ့ ဇာတ်ညွှန်းကို MSY က ရေးသားပြီးတော့ ဒါရိုက်တာ ပြည့်ဖြိုးနိုင်(PPN)က ၂၀၂၃ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီဘက်မှာ ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။

သရုပ်ဆောင်တွေဖြစ်တဲ့ နေရဲ၊ မင်းသွေးခန့်၊ ရဲရင့်မောင်မောင်၊ မေမီကိုကို၊ သဇင်ထူးမြင့်၊ မီကိုခန့်၊ အကယ်ဒမီအောင်ခိုင်၊ ထူးသာ၊ စိုင်းအောင်တင့်၊ ဘဂျမ်း၊ အောင်တိုး၊ ဟန်ဆက်လူ၊ အကယ်ဒမီ ဝါဝါအောင်၊ မေဟန်ကျော့ရှင်း၊ ဇူးဇူးဟန်နီထွေး၊ ယုကိုခန့် စတဲ့သူတွေပါဝင်ထားကြပါတယ်။

အပိုင်း ၁၆ ပိုင်းပါဝင်တဲ့ “လက်ဆောင် ”ဇာတ်လမ်းတွဲကို လာမယ့် ဩဂုတ် ၃၁ ရက် ည ၇ နာရီကစ စနေနဲ့ တနင်္ဂနွေနေ့ အပတ်စဥ်တိုင်းမှာ M Entertainment Channel က စတင်ထုတ်လွှင့်မှာလည်းဖြစ်ပြီး ပြန်လည်ပြသချိန်အနေနဲ့ နံနက် ၈ နာရီနဲ့ နေ့လယ် ၁ နာရီတို့မှာ ပြန်လည်ထုတ်လွှင့်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *