September 19, 2024

၃၀.၈.၂၀၂၄
Written by TZ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့၊ ကန်ကလေးသုသာန်အကျော်၊ ရာဘာခြံအနီးတွင် လမ်းလျောက်လာသည့် အမျိုးသား ၃ ဦးက မော်တော်ဆိုင်ကယ်စီးနင်းလာသည့် မိန်းကလေးကို လက်သီးဖြင့်ထိုးပြီး ဆိုင်ကယ်နှင့် iPhone တို့ကို လုယူထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ ယနေ့ သြဂုတ်လ ၃၀ ရက် နေ့လယ် ၂ နာရီ မိနစ် ၄၀ ခန့်အချိန်တွင် ဖြစ်ပွားခဲ့ပြီး လမ်းလျောက်လာသူ လူလတ်ပိုင်း ၃ ဦးက မော်တော်ဆိုင်ကယ်မောင်းနှင်လာသူအမျိုးသမီး၏ မျက်နှာကို လက်သီးဖြင့်ထိုးသည့်အပြင် ဖုန်းလုယက်ချိန် လက်ကိုလည်း ကိုက်သွားကြောင်း သိရသည်။

“အမျိုးသား ၃ ယောက်က အမျိုးသမီးရဲ့ မျက်နှာကို လက်သီးနဲ့ထိုးတယ်။ ကောင်မလေးရဲ့လက်ကိုလည်းကိုက်ပြီး ဆိုင်ကယ်နဲ့ iPhone ကို ယူသွားတယ်။ အခုကောင်မလေးက သက်ဆိုင်ရာကို တိုင်ထားတယ်” ဟု ကူညီပေးသည့် သစ္စာပန်းခင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

အဆိုပါ လုယက်ခံရသည့်ဖြစ်စဥ်တွင် iကြီးနီမဲ ( Mon ၆၈ W ၇၄၄၀) ဆိုင်ကယ်တစ်စီးနှင့် iPhone တစ်လုံးတို့ကို အမျိုးသား ၃ ဦး လုယက်သွားကြောင်းလည်း ThitSar Pannkinn Mudon Rescue အဖွဲ့က ဖော်ပြထားမှုအရ သိရသည်။

Photo – ThitSar Pannkinn Mudon Rescue

Leave a Reply

Your email address will not be published. Required fields are marked *