September 19, 2024

MT News
၃၀. ၈. ၂၀၂၄

မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာလာသည့် အမှတ် (၁၂) အစုန် လူစီးအမြန်ရထားပေါ်မှ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား ၄၆၀၀၀၀ ကျော် ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သဖြင့် ခုံလက်မှတ်ဝယ်ယူထားသူများကို စုံစမ်းဖော်ထုတ်နေသည်ဟု မြန်မာ့မီးရထားမှ သိရသည်။

ဖြစ်စဥ်မှာ ဩဂုတ်လ ၂၇ ရက်​နေ့၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာလာသည့် အမှတ် (၁၂) အစုန် လူစီးအမြန်ရထားသည် ပျဉ်းမနားနှင့် ပြည်ဝင်ဘူတာအကြားရောက်ရှိစဉ် ရထား၏ အထက်တန်းတွဲ (၁)၊ ခုံအမှတ် A-3, A-4 ၏ အပေါ်ဘက် ပစ္စည်းတင်စင်နှင့် ထိုင်ခုံ၏ ရှေ့တို့တွင် ကျောပိုးအိတ်နှစ်လုံးနှင့် မြွေရေခွံအိတ်များ ထည့်ထားသည့်ခြင်းနှစ်လုံးတို့ကို ပိုင်ရှင်မဲ့တွေ့ရှိရသဖြင့် မသင်္ကာ၍ ရထားလုံခြုံရေးရဲတပ်ဖွဲ့နှင့် မြန်မာ့မီးရထားတာဝန်ရှိသူများက စစ်ဆေးခဲ့ရာ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားများထည့်ထားသည့် ပလတ်စတစ်အထုပ်ကြီး ၅၀ ကိုတွေ့ရှိခဲ့ပြီး အထုပ်ကြီးတစ်ထုပ်အတွင်း၌ အထုပ်ငယ် ငါးထုပ်ပါရှိကာ အထုပ်ငယ်တစ်ထုပ်အတွင်း ဆေးပြား ၇၅၀၀ ခန့်ပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

စစ်ဆေးတွေ့ရှိချက်အရ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားစုစုပေါင်း ၄၆၁၉၄၅ ပြား၊ အလေးချိန် ၃၆ ဒသမ ၉၆ ကီလို ဂရမ်စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း ၉၀၀၀ ကျော်ခန့်ဖြစ်ပြီး အမှတ် (၁၂) အစုန် လူစီးအမြန်ရထား၏ ထိုင်ခုံဇယားအား ပြန်စိစစ်ရာအဆိုပါ ခုံအမှတ်၊ A-3, A-4 တို့တွင် သာစည်-ရန်ကုန် ခရီးစဉ်အဖြစ် သန်းဇော်ဦး၊ နိုင်ငံသားစိစစ်ရေးအမှတ် ၈/စလန (နိုင်)၁၃၉၈၁၇ နှင့် စိုင်းသက်အောင်၊ နိုင်ငံသားစိစစ်ရေးအမှတ် ၁၃/တကန(နိုင်) ၃၂၁၆၉၆ တို့က ဝယ်ယူထားကြောင်း သိရှိရသဖြင့် ၎င်းတို့အားဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းနှင့် အမှုအမှတ် (ပ) ၂၀/၂၀၂၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ၁၉(က)၊ ၂၀ (က) ဖြင့် ပျဉ်းမနားမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *