September 19, 2024

၃၀. ၈. ၂၀၂၄
Written by Thettant

ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားတစ်ဦးမှာ မိမိနာမည်မှအပ ကိုယ်ရေးအချက်အလက်များ ပြောနိုင်ခြင်းမရှိ၍ သိရှိသူများ ဆက်သွယ်ပေးရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ အကူအညီတောင်းခံထားသည်။

ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့၊ Seobu Police Station ထံမှ ဆက်သွယ်အကြောင်းကြားချက်အရ မြန်မာသံရုံးအနေဖြင့် မြန်မာနိုင်ငံသား ကိုနန်းလင်း ဆိုသူအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် မြန်မာနိုင်ငံရှိ ၎င်း၏မိသားစုဝင်များထံသို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

သို့ရာတွင် ကာယကံရှင်အနေဖြင့် ၎င်းနှင့်ပတ်သက်သည့် ကိုယ်ရေးအချက်အလက်များကို ပြောပြနိုင်ခြင်းမရှိသည့်အတွက် ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနက် ၎င်းအား သိရှိသူရှိပါက မြန်မာသံရုံး၏ တယ်လီဖုန်းနံပါတ် (02) 790-3814 သို့ ဆက်သွယ်အကြောင်းကြားပေးကြပါရန်နှင့် ကိုနန်းလင်းပုံဖြင့် မြန်မာသံရုံးက ဖော်ပြထားသောပို့စ်၏ အောက်တွင် မှတ်ချက်ပေးကြပါရန် မြန်မာသံရုံးက မေတ္တာရပ်ခံထားသည်။

နာမည်မှအပ ကိုယ်ရေးအချက်အလက်မပြောနိုင်သော မြန်မာနိုင်ငံသားမှာ အသက် ၃၀ ခန့်ရှိပြီး ဝတ်စားဆင်ယင်ပုံအရ စိတ်ဂယောက်ဂယ်ဖြစ်နေဖွယ်ရှိသဖြင့် စိတ်ဝေဒနာခံစားနေရသူ ဟုတ် မဟုတ် မေးမြန်းကြသည်များလည်း တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *