September 19, 2024

၃၀. ၈. ၂၀၂၄
Written by Nyein Kyaw

MAI လေကြောင်းလိုင်း၏ မန္တလေးမြို့ လက်မှတ်အရောင်းရုံးခန်းအား စက်တင်ဘာ ၁ ရက်မှစတင်၍ ပိတ်သိမ်းမည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) မှ တာဝန်ရှိသူက MT News သို့ အတည်ပြုပြောကြားသည်။

မန္တ‌လေးမြို့သည် လက်နက်ကိုင်အကြမ်းဖက်များ၏ တိုက်ခိုက်မှုကို ခံရနိုင်ခြေရှိသဖြင့် MAI ၏ မန္တလေးလက်မှတ်အရောင်းရုံးခန်းအား စက်တင်ဘာလ ၁ ရက်မှစတင်၍ ပိတ်သိမ်းမည်ဖြစ်ကြောင်း ဩဂုတ်လ ၂၉ ရက် (ယမန်နေ့) ညပိုင်းတွင် သတင်းများထွက်ပေါ်လာခဲ့သည့်အပြင် အခြားသော ပုဂ္ဂလိကကုမ္ပဏီအချို့လည်း မန္တလေးမြို့မှ ထွက်ခွာရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်း ဝါဒဖြန့်ချိရေးသားခဲ့ကြပြီး အဆိုပါရေးသားချက်များမှာ မဟုတ်မမှန် သတင်းဖော်ပြမှုများသာ ဖြစ်နေခဲ့ခြင်းဖြစ်သည်။

“MAI ရဲ့ Facebook ကနေ တရားဝင်ကြေညာပေးပါမယ်။ အဲဒီသတင်းမဟုတ်ပါဘူး။ လက်မှတ်ဝယ်ဖို့အတွက် ရုံးရှိတယ်။ အရင်ဝယ်နေတဲ့အတိုင်း သွားဝယ်လို့ရတယ်” ဟု MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *