MT News
၃၀. ၈. ၂၀၂၄
အသက်မပြည့်သေးတဲ့ကလေးငယ်ကို မီးပွိုင့်မှာ ပန်းရောင်းခိုင်းပြီး ရောင်းမကုန်တဲ့နေ့ ရိုက်နှက်ကာလုပ်အားခခေါင်းပုံဖြတ်တဲ့ သားအမိကို လူကုန်ကူးမှုအရ အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်နေ ဒေါ်ရွှေဇင်ဝင်း (ခ) အိတီမနဲ့ သမီးဖြစ်သူ မေသန္တာဝင်းတို့က ရွှေပြည်သာမြို့နယ်နေ မ—-၊ ၁၂/၂၀၂၄ နှစ်ကို နေ့စဉ် နံနက် ၅ နာရီကနေ ည ၁၂ နာရီအထိ ရွှေဂုံတိုင် ကားမှတ်တိုင်အနီးမှာ ပန်းရောင်းဖို့ခိုင်းစေခဲ့ပြီး ပန်းရောင်းမကုန်တဲ့နေ့တွေမှာ ရိုက်နှက်ခြင်းများပြုလုပ်ကာ အဓမ္မ အလုပ်ခိုင်းစေကာ လုပ်အားခ ခေါင်းပုံဖြတ်ရယူခဲ့တာကြောင့် ဗဟန်းမြို့မရဲစခန်းက (ပ)၃၉/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ-၃၅ နဲ့ အမှုရေးဖွင့် တရားစွဲတင်ခဲ့တာပါ။
တရားစွဲတင်ပြီး တရားခံနှစ်ဦးကို စစ်ဆေးခဲ့ရာမှာ အပြစ်ရှိကြောင်း ပေါ်ပေါက်တာကြောင့် ကမာရွတ်ခရိုင် တရားရုံးက ဩဂုတ် ၂၇ ရက်မှာ တရားခံ ဒေါ်ရွှေဇင်ဝင်း(ခ)အိတီမနဲ့ သမီးဖြစ်တဲ့ မေသန္တာဝင်းတို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တာလို့ သိရပါတယ်။