September 19, 2024

၃၀. ၈. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်းအနီးရှိ လုံခြုံရေးစခန်းတိုက်ခိုက်သိမ်းပိုက်ရာ အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်မှ ဗိုလ်ကြီးဝေဖြိုးသူနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဖမ်းမိထားသည်ဟု နွားထိုးကြီး PDF အဖွဲ့ဖြစ်သော မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းက ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုမှာ ဩဂုတ် ၁၀ ရက်က စတင်သည့် မြင်းခြုခရိုင်အထူးစစ်ဆင်ရေးတိုက်ခိုက်မှုဖြစ်ပြီး ယမန်နေ့ (သြဂုတ် ၂၉ ရက်) ညနေ ၄ နာရီခန့်က ရန်ကုန် – မ‌န္တလေးအမြန်လမ်းမနှင့် တစ်မိုင်ခန့်အကွာ၌ တပ်စွဲထားသော နွားထိုးကြီးမြို့နယ်၊ ကုက္ကိုလ်ဇီးရွာအနီးတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးမှ ၂ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စခန်း၌တာဝန်ကျနေသော အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်မှ ဗိုလ်ကြီးဝေဖြိုးသူနှင့် တပ်သားလှမိုးအောင် အရှင်ဖမ်းဆီးရမိခဲ့သည့်အပြင် သေနတ် ၇ လက်နှင့် ခဲယမ်းအချို့လည်း သိမ်းယူခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားမှုအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *