September 19, 2024

၃၀.၈.၂၀၂၄
Written by TZ

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်၊ ၉ လမ်းတံတား၏ ချောင်းထဲသို့ ရေစီးနှင့်အတူမျောပါလာသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း မိုးစေတနာပရဟိတအသင်း ( ပျဥ်းမနားရုံး) မှ သိရသည်။

ရေနစ်သေဆုံးပြီးမျောလာသည့် အမျိုးသမီး၏ရုပ်အလောင်းကို သြဂုတ်လ ၂၉ ရက် နံနက် ၈ နာရီကျော်တွင် ၉ လမ်းတံတားအနီးရှိ ပြည်သူတစ်ဦးမှ တွေ့ရှိသောကြောင့် မိုးစေတနာပရဟိတအသင်းသို့ အကူအညီတောင်းပြီးနောက် သက်ဆိုင်ရာမှ အဆိုပါဖြစ်စဥ်နေရာသို့ ရောက်ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။

“အလောင်းက ဘယ်ကနေမျောလာလဲတော့ မသိဘူး။ အလောင်းက ပိုင်ရှင်မဲ့။ အသက်က (၅၀) ဝန်းကျင်လောက်ရှိတယ်”ဟု မိုးစေတနာပရဟိတအသင်း (ပျဥ်းမနားရုံး)မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ရုပ်အလောင်းမှာ လက်ရှိအချိန်တွင် ပိုင်ရှင်မဲ့ဖြစ်နေ၍ ပျဥ်းမနားမြို့ရှိ ကုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – မိုးစေတနာပရဟိတအသင်း (ပျဥ်းမနားရုံး)

Leave a Reply

Your email address will not be published. Required fields are marked *