September 19, 2024

၃၀ .၈ .၂၀၂၄
Written by Hey Mar

နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာ နေထိုင်တဲ့ အဘိုးအိုတစ်ဦး လမ်းဖြတ်ကူးရင်း ယာဉ်တိုက်ခံရကာ ဆေးရုံတင်ပို့ကုသစဥ် သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဩဂုတ် ၂၉ ရက် ည ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်ဉ်က ကမ္ဘာအေးဘုရားလမ်း‌ ပွင့်သစ်စမ်း‌ရှေ့မှာ ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်ခံရသူမှာ နှင်းဆီကုန်းဘိုးဘွားရိပ်သာ‌မှာ နေထိုင်သူ အဘိုး ဦးလှရွှေလို့ သိရပါတယ်။ ရွှေဂုံတိုင်တံတားအဆင်း ပွင့်သစ်စမ်း Family Karaoke ရှေ့ကနေ ကားလမ်းဖြတ်ကူးစဉ် ကုန်းကျော်တံတားပေါ်က ဆင်းလာတဲ့ Honda Fit မော်တော်ယာဉ်က တိုက်မိတာလို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ရွှေဂုံရိပ်မွန်လူမှုကူညီရေးအသင်းထံက‌နေသိရပါတယ်။

လူမှုကူညီရေးအသင်းက လူနာကို ရန်ကုန် ဆေးရုံကြီး အရေးပေါ် ဌာနဆီ အချိန်မီပို့‌ဆောင်ပေးနိုင်ခဲ့‌ပေမဲ့ ကုသမှုခံယူနေစဉ် ည ၈ နာရီဝန်းကျင်အချိန်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ရွှေဂုံရိပ်မွန် လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *