September 19, 2024

၂၉.၈. ၂၀၂၄
Written by Shwe Phyo

ထိုင်းရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံသား တက္ကစီမောင်းသူကို သတ်ခဲ့သော မြန်မာနိုင်ငံသားတစ်ဦးအား သြဂုတ်လ ၂၈ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ထိုင်းအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ နွန်သာဘူရီပြည်နယ် Bang Bua Thong အရပ်ဒေသရှိ ကားလမ်းပေါ်တွင် သြဂုတ်လ ၂၇ ရက်နေ့ကထိုင်းနိုင်ငံသား တက္ကစီမောင်းသူတစ်ဦး အသတ်ခံရသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက်ပိုင်း ဘန်ဖလီရဲစခန်းမှ ရဲမှူးကြီး Pairoj Petchploy ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ အသက် ၆၃ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား မီချိုင်း ပန်ချိုင်း ဆိုသူကို သွေးအိုင်ထဲ လဲကျသေဆုံးနေမှု တွေ့မြင်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါ လူသတ်မှုနှင့်ပတ်သက်ပြီး စီစီတီဗွီမှတ်တမ်းများအပါအဝင် မျက်မြင်သက်သေများကို စစ်ဆေးမေးမြန်းခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အသက် ၃၉ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား မောင်စိုင်းမင်းဆိုသူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသားကလည်း ၎င်းသည် ထိုင်းနိုင်ငံသား တက္ကစီမောင်းသမားကို သတ်ခဲ့ကြောင်း ဝန်ခံပြောဆိုထားပြီး တက္ကစီငှားရမ်းခ အငြင်းပွားရာမှ လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။

မောင်စိုင်းမင်းက မိခင်ဖြစ်သူအိမ်ကိုသွားရန်အတွက် ပန်ချိုင်းဆိုသူမောင်းနှင်သည့် တက္ကစီကို ဘတ် ၂၀၀၀ ဖြင့် ငှားရမ်းခဲ့ကြောင်း၊ မိခင်ဖြစ်သူအိမ်ကိုရောက်ရှိချိန်တွင် မိခင်ဖြစ်သူကို မတွေ့သည့်အတွက် တက္ကစီငှားရမ်းခပေးချေရန် အငြင်းပွားခဲ့ကြောင်း ပြောသည်။ မောင်စိုင်းမင်းက တက္ကစီသမားသည် ၎င်းကို ဓားဖြင့် ခြိမ်းခြောက်ပြီး တက္ကစီးငှားခ တောင်းရမ်းခြင်းများရှိခဲ့ရာမှ ဓားကို လုယူကာ တုံ့ပြန်ခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ တက္ကစီမောင်းသမား သေဆုံးခြင်းအတွက်လည်း စိတ်မကောင်းဖြစ်ခဲ့ရကြောင်း ပြောသည်။

REF , Thailandnews

Leave a Reply

Your email address will not be published. Required fields are marked *