September 19, 2024

၂၉. ၈. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံဆက်သွယ်မယ့် အမြန်ရထားလမ်းဖောက်လုပ်နေစဉ် ထိုင်းနိုင်ငံ၊ နခွန်ရတ်ချာစီးမား ပြည်နယ်၊ ပါ့ခ်ချောင်ခရိုင် အတွင်း ရထားလမ်းပေါ်မှာရှိတဲ့ ခလွန်ခနန်ချစ် အမြန်ရထားလမ်းဘူတာရုံ ဥမင် လိုဏ်ခေါင်းက ဩဂုတ်လ ၂၅ ရက်၊ နံနက် ၁ နာရီခန့်က ပြိုကျခဲ့မှုမှာ ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံသား ထရပ် ကားမောင်းသူရဲ့ သေဆုံးနေတဲ့အလောင်းကို ဩဂုတ်လ ၂၉ ရက် နံနက် ၁၁ နာရီမှာ ပြန်တွေ့ ခဲ့တယ်လို့ သိရပါတယ်။

ဥမင်လိုဏ်ခေါင်းပြိုကျပြီးတဲ့နောက် အလုပ်သမားသုံးဦးပိတ်မိနေခဲ့တဲ့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ရှာဖွေ ဆောင်ရွက်ခဲ့ကြရာမှာ ပိတ်မိနေသူ တွေထံမှ တုံ့ပြန်မှုရခဲ့တာကြောင့် သုံးဦးစလုံး အသက်ရှင်လျက်ရှိ နေသေးတယ်လို့ မူလက ယူဆထားခဲ့ကြပါတယ်။။

ဒါပေမယ့် ဩဂုတ်လ ၂၉ ရက် နံနက် ၁၁ နာရီခန့်မှာတော့ မြန်မာနိုင်ငံသားထရပ် ကားမောင်းသူရဲ့ အလောင်းကို ထရပ်ကားတစ်စီးအနီး ကျောက်တုံးနဲ့ ရွှံ့ပုံတွေအောက်က ပြန်လည်တွေ့ရှိခဲ့ပါတယ်။ အမည်ကိုမသိရသေးပေမယ့် မြန်မာနိုင်ငံသားထရပ်ကားမောင်းသူဆိုတာ အတည်ပြုခဲ့ကြကာ ထိုင်းနိုင်ငံ၊ ရထားပို့ဆောင်ရေးဌာန SRT ကလည်း မြန်မာနိုင်ငံသားရဲ့ကျန်ရစ်သူမိသားစုထံ ထောက်ပံ့ရန်အဆင်သင့်ရှိကြောင်း ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံသားများဖြစ်တဲ့ ဆောက်လုပ်ရေးကြီးကြပ်သူတစ်ဦးနဲ့ မြေတူးစက်မောင်းနှင်သူတစ်ဦးတို့ကတော့ လိုဏ်ခေါင်းထဲမှာဆက်လက်ကျန်ရှိနေပါသေးတယ်။ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

လိုဏ်ခေါင်းပြိုကျမှုက လိုဏ်ခေါင်းအဝင်ဝမှ ၁ ဒသမ ၅ ကီလိုမီတာ အကွာမှာစတင်ဖြစ်ခဲ့တာပါ။ လိုဏ်ခေါင်းက နခွန်ရတ်ချာစီးမားပြည်နယ်၊ ပါ့ခ်ချောင်ခရိုင်အတွင်း ခလွန်ခနန်ချစ် ဘူတာအနီးမှာရှိတယ်လို့ ဆိုပါတယ်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *