October 23, 2024

အမျိုးသမီးငယ်နှင့်အတူ ရေနစ်ခဲ့သည့်လူငယ်ကို တွေ့ရစဥ်(ဓာတ်ပုံ- သန္တိသုခအခမဲ့လူမှုကူညီရေးအသင်း)

၂၆. ၁၂.၂၀၂၂
Written by Naing Thuta

 

၂၆. ၁၂.၂၀၂၂
Written by Naing Thuta

ယမန်နေ့ ခရစ္စမတ်နေ့တွင် မကွေးတိုင်းဒေသကြီး၊
စလင်းမြို့မှ ပြင်ဦးလွင်ပန်းပွဲတော်သို့ လာလည်ရင်း
ပွဲကောက်ရေတံခွန်ကိုပါ သွားရောက်လည်ပတ်သည့် ၁၅ နှစ်အရွယ်အမျိုးသားငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက MT News သို့ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ရေတံခွန်တွင် ဒီဇင်ဘာ ၂၅ ရက် ညနေ ၃ နာရီကျော်က အသက် ၁၅ နှစ်အရွယ်ယောကျ်ားလေးတစ်ဦး ရေနစ် သေဆုံးခဲ့ကြောင်း သန္တိ သုခအခမဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။

MT News သတင်းဌာနမှ သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းအား ဖုန်းဆက်မေးမြန်းခဲ့ရာတွင် ၎င်းအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ ” ရေကစားရင်းနဲ့ ရေနစ်မြုပ်သွားတာပါ။ ယောက်ျားလေး ၂ ယောက်နဲ့မိန်းက လေး ၁ ယောက်တို့ ရေအတူနစ်ကြတာပါ။ ယောက်ကျ်ားလေး ၁ ယောက်နဲ့မိန်းကလေး ၁ ယောက်ကိုတော့ အသက်ရှင်လျှက်ကယ်နိုင်ခဲ့ပြီး ၁၅ နှစ်အရွယ်ကောင်လေး ၁ ယောက်ကတော့ ရေထဲက ကယ်လာပြီး ကုန်းပေါ်ရောက်ကတည်းက အသက်မရှိတော့ပါဘူး။ သူတို့တွေက မကွေးတိုင်း၊ စလင်းမြို့ကနေ ပန်းပွဲတော်လာရင်းနဲ့ ပွဲကောက်ကိုဝင်လည်ကြရာကနေ ရေဆင်းဆော့ရင်းရေနစ်သေဆုံးတာပါ။ သေဆုံးတဲ့အလောင်းကိုတော့ ဆေးရုံးကြီးက ရင်ခွဲရုံကို ပို့ခဲ့ပါတယ်” ဟု ပြောသည်။

အဆိုပါ အသင်းအနေဖြင့်သေဆုံးသူ၏ ရုပ်အလောင်းကို ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ၎င်းတို့အသင်းယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပုံစာ။ ရေနစ်သေဆုံးခဲ့သည့်လူငယ်ကို တွေ့ရစဥ်(ဓာတ်ပုံ- သန္တိသုခအခမဲ့လူမှုကူညီရေးအသင်း)

Leave a Reply

Your email address will not be published. Required fields are marked *