September 19, 2024

၂၉. ၈. ၂၀၂၄
Written by Nyein kyaw

ပြည်တွင်းတွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားလာမှုနှင့် ပတ်သက်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှစတင်၍ စာအုပ်ဖိုးငွေ ကျပ် ၃၅,၀၀၀ မှ ကျပ် ၄၀,၀၀၀ သို့ ပြောင်းလဲသတ်မှ‌တ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ယနေ့ အသိ‌ပေးကြေညာထားသည်။

လက်ရှိတွင် နိုင်ငံကူးလက်မှတ်များအား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် ပုသိမ်ရုံးတို့တွင် Online Appointment System စနစ်ဖြင့် လည်းကောင်း၊ ကျန်ရုံးခွဲများတွင် လူတန်းစီစနစ်ဖြင့်လည်းကောင်း လုပ်ငန်းစဉ်အတိုင်းစိစစ်၍ ဆောင် ရွက်ပေးလျက်ရှိသည်။

Online မှ Booking တင်ရာတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ Website ၏ www.passport.gov.mm တွင် ဝင်ရောက်လျှောက်ထားနိုင်ပြီး ကျသင့်ငွေအား KBZ-Pay/ MPU Card ဖြင့် ငွေပေးချေခြင်းဖြင့် ကြားခံပွဲစား/ အကျိုးဆောင်များ မလိုအပ်ဘဲ ကာယကံရှင်ကိုယ်တိုင် လျှောက်ထားနိုင်ရေး ဆောင်ရွက်ပေးထားကြောင်း ကြေညာထားပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *