September 19, 2024

ပုံစာ။ မြဝတီရှိ ငွေလိမ်ဂိုဏ်းများမှ ယခုရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်လာသူ ၂၈ ဦးမြင်ကွင်း။

MT News
၂၉. ၈. ၂၀၂၄

မြဝတီမြို့နယ်ရှိ Dongmei ငွေလိမ်လုပ်ငန်းတွင် ပိတ်မိနေသူ အိန္ဒိယနိုင်ငံသား ၂၁ ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သိရသည်။

အဆိုပါ မြဝတီမြို့နယ်ရှိ Dongmei ငွေလိမ်လုပ်ငန်းတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသား ၂၁ ဦးသည် ဩဂုတ် ၂၈ ရက်က လွတ်မြောက်ခဲ့သလို အခြားအိန္ဒိယနိုင်ငံသား ၆ ဦး သြဂုတ်လ၂၀ ရက်‌နေ့နှင့် သြဂုတ်လ ၁၂ ရက်တွင်လည်း အိန္ဒိယနိုင်ငံသား ၁ ဦး လွတ်မြောက်ခဲ့သည်ဟု သိရသည်။

အဆိုပါ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လူကုန်ကူးဖမ်းဆီးခံရပြီး ပိတ်မိနေသူ အိန္ဒိယနိုင်ငံသားများအနက် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့မှ စတင်၍ ဩဂုတ် ၂၈ ရက်အထိ အိန္ဒိယနိုင်ငံသား ၅၇ ဦးသည် မြဝတီရှိ အ‌ဆိုပါကျားဖြန့်ငွေလိမ်ဂိုဏ်း ခြံဝန်းများမှ ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သည့်အတွက် ကူညီပေးသည့် မြန်မာနိုင်ငံရှိ အာဏာပိုင်များနှင့် ဒေသဆိုင်ရာတာဝန်ရှိသူတို့ကို ကျေးဇူးတင်ကြောင်းလည်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြောသည်။

ပုံစာ။ မြဝတီရှိ ငွေလိမ်ဂိုဏ်းများမှ ယခုရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်လာသူ ၂၈ ဦးမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *