September 19, 2024

၂၉.၈.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊ နယ်မြေ (၉)တွင် ကလေးငယ် ၇ ဦး၏ဖခင် ကြိုးဆွဲချ(ဆွဲကြိုးချ) သေဆုံးမှု ယနေ့ သြဂုတ်လ ၂၉ ရက် နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့သည်။

သေဆုံးသူ အမျိုးသားမှာ အသက် ၄၄ နှစ်အရွယ် ကိုကျော်သူဖြစ်ပြီး နေအိမ်ဘေး အုတ်တံတိုင်းသံတိုင်တွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရုပ်အလောင်းကို သွားရောက်ကူညီသယ်ဆောင်ပေးခဲ့သည့် အောင်ပန်းနာရေးကူညီမှု အသင်းထံမှ သိရသည်။

“သူက ကလေး ၇ ယောက်ရှိတယ်။ မိသားစုလည်းများတယ်။ ရန်ဖြစ်တာတို့ မိသားစုပြဿနာရှိတာတို့လည်း မကြားမိဘူး။ အခုလိုလုပ်သွားတာကို မိသားစုဝင်တွေလည်း အံသြနေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကြိုးဆွဲချသေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းကို အောင်ပန်း​မြို့နယ်ဆေးရုံရင်ခွဲရုံသို့ အောင်ပန်းနာရေးကူညီမှု အသင်းဝင် ၈ ဦးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ သြဂုတ်လ ၂၆ ရက် ညနေပိုင်းကလည်း အောင်ပန်းမြို့၊ ပြည်သာယာစျေး၊ သံလမ်းအနီးရှိ ဇီးပင်အောက်တွင် အွန်လိုင်းဂိမ်းကစားသည့် အသက် ၃၈ နှစ်အရွယ် ခြောက်ဘီးကားယာဥ်မောင်းတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *