October 23, 2024

၂၆. ၁၂. ၂၀၂၂
Written by Pan Ei

ဖိလစ်ပိုင်နိုင်ငံတွင် ခရစ္စမတ်နေ့၌ ရေကြီးမှုများကြောင့် လူပေါင်း ၄၆,၀၀၀ နီးပါးကို ၎င်းတို့၏ နေအိမ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း တာဝန်ရှိသူများက တနင်္လာနေ့ (ဒီဇင်ဘာ ၂၆ ရက်) တွင် ပြောကြားခဲ့သည်။

ထို့ပြင် မင်ဒါနာအိုတောင်ပိုင်းဒေသတွင် ရာသီအလိုက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနှစ်ဦးသေဆုံးပြီး ကိုးဦးပျောက်ဆုံးနေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

လူပေါင်း သန်း ၁၁၀ ကျော် နေထိုင်သော ဖိလစ်ပိုင်နိုင်ငံတွင် ခရစ္စမတ်အားလပ်ရက်ကို ဆင်နွှဲရန်ရှိနေစဉ် နိုင်ငံ၏ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများမှာ ယခုကဲ့သို့ ဆိုးရွားသော ရာသီဥတုနှင့် ကြုံတွေခဲ့ရခြင်းဖြစ်သည်။

“တချို့နေရာတွေမှာ ရေတွေက ရင်ဘတ်အထိ တက်လာပေမယ့် ဒီနေ့ မိုးရွာတာတော့ ရပ်သွားပြီ” ဟု လူပေါင်း ၃၃,၀၀၀ ခန့် ရွှေ့ပြောင်းခဲ့ရသော ဂင်ဂိုမြို့မှ အရပ်ဘက် ကာကွယ်ရေး ဝန်ထမ်း ရော်ဘင်ဆင် လာကာ က ပြောကြားခဲ့သည်။

ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ မုန်တိုင်းများသည် ပိုမိုအားကောင်းလာနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားပြီး ဖိလစ်ပိုင်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံစားရဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်သည်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *