September 19, 2024

၂၉.၈.၂၀၂၄
Written by Hey Mar

ကုန်တင် ၁၂ ဘီးယာဉ်ကို လှည်ကူး ရန်ကုန်ပြေးဆွဲနေတဲ့ YBS -107 ယာဉ်က နောက်ကဝင်တိုက်တာကြောင့် YBS ယာဉ်မောင်း အပါအဝင် ခရီးသည်တချို့ ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ ဩဂုတ် ၂၉ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြံ့မြို့နယ်၊ ရဲစုတောင်ရပ်ကွက်၊ “၀” မိုင်အကျော် ရန်ကုန်-ပြည်လမ်းပေါ် မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် YBS ယာဉ်မောင်းမှာ ကားခေါင်းခန်းအတွင်း ညပ်နေတာကြောင့် မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကားအတွင်းညပ်နေတဲ့ ယာဉ်မောင်းဖြစ်သူကို မိနစ်လေးဆယ်ကြာ ကြိုးစားထုတ်ယူခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ညပ်နေသူ ယာဉ်မောင်းမှာ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ခရီးသည် မိန်းကလေး သုံးဦး၊ ယောက်ျားလေး နှစ်ဦးလည်း မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ကြက်ခြေနီအသင်းမှသူနာတင်ယာဉ်နဲ့ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံကြီးဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *