September 19, 2024

၂၈. ၈. ၂၀၂၄
Written by Nay Moe

TNLA နယ်မြေလုယက်သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့ဟာ အေးချမ်းစွာ လည်ပတ်ခွင့်မရဘဲ လေကြောင်းတိုက်ခိုက်မှုဒဏ် မကြာခဏခံနေရသလို မနေ့ကလည်း ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ လူ ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က ယမန်နေ့ ဩဂုတ်လ ၂၇ ရက် ည ၁၁ နာရီခွဲအချိန်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်​ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ TNLA က ပြောပါတယ်။

ဒီလို ​ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA နယ်မြေလုပြီး တပ်စခန်းချရာ ကျောက်မဲမြို့ အမှတ်(၉)ရပ်ကွက်က အသက် ၅၄ နှစ်အရွယ် မိုင်းအ‌ညော် ဆိုသူ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၃၅ နှစ်အရွယ် ကိုငယ်လေးနဲ့အသက် ၅၀ အရွယ် ကိုနောင် ဆိုသူ ၂ ဦံး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

ကျောက်မဲမြို့ဟာ ဇွန်လ ၂၅ ရက်က TNLA စတင်တိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) တိုက်ပွဲကာလအတွင်းမှာ TNLA နဲ့ နှစ်ဖက်ပစ်ခတ်မှုကြောင့် လူသေဆုံးမှု အများဆုံးမြို့ဖြစ်ပြီး လူဦးရေ ၁၀၀ နီးပါး သေခဲ့သလို TNLA အခြေချ တပ်စွဲအပြီးမှာလည်း မကြာခဏလေကြောင်းတိုက်ခိုက်ခံနေရတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *