September 19, 2024

၂၈. ၈. ၂၀၂၄
Written by Thettant

ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့နယ်မှာ အိမ်စီးယာဥ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်ဝင်တိုက်မိတာကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ ဩဂုတ် ၂၈ ရက် နံနက် ၈ နာရီအချိန်ခန့်မှာ ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့နယ်၊ ဓာတ်လုံဘုရားအဆင်းလမ်းမှာ Mazda အမျိုးအစား အဖြူရောင်အိမ်စီးယာဥ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ဓာတ်တိုင်ကိုဝင်တိုက်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ဝာာပါ။

အဲ့ဒီ ယာဉ်တိမ်းမှောက်မှုကို မိုင်းယောင်းမြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ထွက်ခွာဆောင်ရွက်ခဲ့ပြီးယာဉ်မောင်းဖြစ်တဲ့ အမျိုးသားတစ်ဦး သေဆုံးမှုနဲ့ လိုက်ပါလာတဲ့ အမျိုးသားနှစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရမှုကို ကူညီခဲ့သလို သေဆုံးဒဏ်ရာရသူတွေကို ကြက်ခြေနီတပ်ဖွဲ့ရဲ့ သူနာတင်ယာဉ်နဲ့ မိုင်းယောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *