September 19, 2024

၂၈.၈.၂၀၂၄
Written By Thandar

အတ္တကိုရှေ့တန်းတင်ကာ တစ်ကိုယ်ကောင်းဆန်သလို သဘင်သည်တွေ ဇာတ်ကိုပေါ်လွင်စေတဲ့ အချစ်အမုန်းတွေနဲ့ပြည့်နှက်နေတဲ့ “သဘင်သည်မြနှင်းဆီ”ရုပ်ရှင်ဇာတ်ကားကြီး ပြသတဲ့အထူးပွဲကို ယနေ့ ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Sein John City Mall JCGV မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ မြစမ်းကြည်နေရာမှာ မေမီကိုကိုကလွဲပြီး တစ်ခြားဘယ်သူမှ မမြင်မှုရှိအောင် ကျေနပ်မှုရှိခဲ့ပါတယ်။ ဒီကားမှာ မြေဝိုင်းအကအတွက် မီးတိုင်တွေ အစအဆုံး သေချာပြင်ဆင်ခဲ့လို့လည်း သဘင်ပညာရှင်ဘက်က တချို့ကတောင် ချီးကျူးလာကြတာရှိတယ်။ မေမီကိုကို အိုက်တင်တွေကိုလည်း သဘောကျတဲ့အပြင် ပါဝင်ထားတဲ့ သရုပ်ဆောင်တွေတစ်ယောက်ချင်းဆီရဲ့ လုပ်ဆောင်မှုတွေကိုလည်း ပရိသတ်တွေ ဝေဖန်သုံးသပ်ပေးစေချင်ပါတယ်”လို့ ဒါရိုက်တာ မင်းဆက်သစ်က ပြောပါတယ်။

စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ယခင်ဇာတ်လမ်းတွဲကို ဇာတ်လမ်း ကိုဆက်၊ ဇာတ်ညွှန်း အင်ကြင်းဟန်၊ ဒါရိုက်တာ မင်းဆက်သစ်က ၁၉၉၀ ဝန်းကျင်လောက်က မြန်မာနိုင်ငံမှာ ရိုးရာအကနဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ဇာတ်လည်းဖြစ်ပြီးတော့ ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ဆန်းသစ်ပြီး ဖန်တီးထားတာလည်းဖြစ်ပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ကြမယ့်သရုပ်ဆောင်တွေအနေနဲ့ မြစမ်းကြည်အဖြစ် မေမီကိုကို၊ နှင်းဆီအဖြစ် စင်ဒီမြတ်၊ နှင်းဆီငယ်ဘဝအဖြစ် ကလေးသရုပ်ဆောင် ဆုရတနာထိုက်၊ နီနီအဖြစ် ယွန်းသဒ္ဒါဟန်၊ ဒေါ်ဌေးအဖြစ် ဒေါ်စမ်းစမ်းဝင်း၊ အောင်မင်းအဖြစ် မင်းအာကာ၊ နေဝင်းအဖြစ် ဂူဂူး၊ ယဉ်ယဉ်နုအဖြစ် သံစဉ်ဖြိုးပိုင်၊ အဝင်းအဖြစ် ရွှန်းလဲ့ရွှေရည်၊ ကိုစိုးတင့်အဖြစ် ထူးမြတ်၊ ကိုညိုမောင်အဖြစ် ဟင်နရီစံတို့ကတို့က ပါဝင်ထားကြပါတယ်။

“သဘင်သည်မြနှင်းဆီ – The Beginning” ရုပ်ရှင်ဇာတ်ကားကြီးကိုလာမယ့် စက်တင်ဘာလဆန်းမှာ ရုပ်ရှင်ရုံပိတ်ကားပေါ်မှာ ခံစားကြည့်ရှုကြရတော့မှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *