၂၈.၈.၂၀၂၄
Written by TZ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ ဟင်းငုတ်ပင်၊ UP ဆီဆိုင်ရှေ့တွင် တွဲကား ၂ စီးအရှိန်လွန်၍ တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း ရွှေမင်းဝင်အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးပရဟိတအသင်းထံမှ သိရသည်။
ယာဥ်တိုက်မှုဖြစ်စဥ်မှာ ယနေ့ သြဂုတ်လ ၂၈ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ် အချိန်တွင် ဖြစ်ပွားခဲ့ပြီး တွဲကားနှစ်စီးတိုက်မိကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဥ်နေရာသို့ ရွှေမင်းဝင်အသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
“ယာဥ်ခေါင်းပိုင်းတွေတော့ နှစ်စီးလုံးပျက်စီးသွားတာ။ ထိခိုက်တဲ့သူက ပွန်းပဲ့လောက်ပဲ။ ဖြစ်တဲ့နေရာကိုတော့ သက်ဆိုင်ရာကရောက်လာတယ်” ဟု ရွှေမင်းဝင်အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးပရဟိတအသင်းမှ အရှင်စန္ဒောဘာသက MT News သို့ မိန့်ကြားသည်။
ပြီးခဲ့သည့် ဧပြီလ ၇ ရက် ညနေ ၆ နာရီ ၂၅ မိနစ် အချိန်ကလည်း တောင်ကြီးမြို့နယ်၊ တောင်ကြီး-အေးသာယာအဆင်းလမ်းတွင် တွဲကားအပါအဝင် ယာဥ်လေးစီးတိုက်မှုဖြစ်ပွားပြီး ၄ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ – အရှင်စန္ဒောဘာသ