October 23, 2024

ဗုံးပေါက်ကွဲမှုမှ တွေ့ရှိရသည့် သံဘောစိများ

၂၆. ၁၂. ၂၀၂၂
Written by Min Mahar

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင်ရှိသော အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ လမ်း ၆၀ ၊ ၂၈ လမ်းနှင့် လမ်း ၃၀ ကြားရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှေ့သို့ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့် အမည်မသိအမျိုးသားလူငယ် ၂ ဦးဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံး ၁ လုံးပစ်ဖောက်ထွက်ပြေးသွားခဲ့ရာ အုတ်တံတိုင်းအပြင်ဘက် ၃ ပေခန့်ရှိသော နေရာအနီးသို့ ကျရောက်၍ ပေါက်ကွဲခဲ့ပြီး လူနှင့် အဆောက်အဦများ ထိခိုက်မှုမရှိခဲ့ကြောင်း ကျောင်းအုပ်ကြီး ဒေါက်တာဒေါ်ညိုညိုတင်၏ ပြောပြချက်အရ သိရသည်။

“အုံးဆိုပြီး ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်တယ်။ ကျောင်းထဲတော့မဟုတ်ပါဘူး။ ကျောင်းအုတ်တံတိုင်းရဲ့အပြင်ဘက်ကိုကျပြီး ပေါက်ကွဲသွားတာပါ” ဟု ကျောင်းအုပ်ဆရာမကြီးက ပြောသည်။

အဆိုပါအခင်းဖြစ်ရာအနီးမှ သံဘောစိငယ် ၆ လုံးနှင့် သတ္တုအပိုင်းအစများ တွေ့ရှိရပြီး သက်ဆိုင်ရာအဖွဲ့များမှ လာရောက်သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *