September 20, 2024

၂၈.၈.၂၀၂၄
Photo @ Written by TZ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မကြီးကန်ကျေးရွာအုပ်စု၊ သင်ကြားရေးဆေးရုံလမ်းမှ “နေခြည်”အာလူးကြော်စက်ရုံမှာ ဘရိတ်ကာအပူလွန်ကဲပြီး မီးလောင်ရာ ဆုံးရှုံးမှုတန်ဖိုး ကျပ်၂၇၃၅၀၀၀၀ ခန့် ဆုံးရှုံးသွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်မှာ သြဂုတ်လ ၂၈ ရက် နံနက် ၄ နာရီ မိနစ် ၅၀ အချိန်တွင် စက်ရုံရှိ ဘရိတ်ကာအပူလွန်ကဲပြီး ဝါယာကြိုးများကိုလောင်ကာ အနီးအနားရှိ ကတ်ထူစက္ကူပုံးနှင့်စားသောက်ကုန်များအား မီးလောင်ကျွမ်းခဲ့ကြောင်း၊ ထိုဖြစ်စဥ်နေရာသို့ မကွေးမီးသတ်စခန်းမှ မီးငြှိမ်းသတ်ရာ ၅ နာရီ မိနစ် ၄၀ တွင် မီးထိန်းနိုင်ခဲ့ပြီး ၅ နာရီ မိနစ် ၅၀ အချိန်တွင် အပြီးသတ်မီးငြိမ်းသွားကြောင်း မကွေးမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

“ဆုံးရှုံးမှုတန်ဖိုးက နှစ်ရာခုနှစ်ဆယ့်သုံးသိန်းငါးသောင်း ရှိတယ်။ အာလူးကြော်စက်ရုံက ပေ ၁၅၀ လောက်ရှိတယ်”ဟု မကွေးမြို့ရှိ မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။

မီးလောင်မှုဖြစ်စဥ်ကြောင့် အာလူးကြော်ဆိုင်ရှင်ကို မကွေးမြို့မရဲစခန်းမှ မီးပေါ့ဆမှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *