September 20, 2024

၂၈. ၈. ၂၀၂၄
Written by Nyein Kyaw

မြန်မာ့ခရီးသွားဘဏ် (MTB) ၏ MTB Pay အား ဩဂုတ်လ ၂၈ ရက် (ယနေ့)မှစတင် ဖွင့်လှစ်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ခရီးသွားဘဏ်မှ အသိပေးကြေညာထာသည်။

လတ်တလောတွင် MTB Pay အတွက် ငွေဖြည့်သွင်းမှုကို ပြည်တွင်း၌ ဖွင့်လှစ်ထားသည့် MTB ဘဏ်ခွဲ ၁၃ ခု၌သာ ဆောင်ရွက်နိုင်သေးပြီး မကြာမီ နိုင်ငံအနှံ့အပြားတွင် အေးဂျင့်ကိုယ်စားလှယ်များ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အေးဂျင့်လုပ်ထားတာတော့ အခုထိတော့ မရှိသေးဘူး။ MTB ဘဏ် ၁၃ ဘဏ်ရှိတယ်။ အဲဒီဘဏ်တွေမှာ အကောင့်နဲ့ ငွေသွင်းတာ၊ ငွေထုတ်တာလုပ်လို့ရပြီ။ အေးဂျင့်ကတော့ နောက်ပိုင်းမှာ ဆက်ပြီးတော့ လုပ်သွားဖို့ရှိတယ်။ မြန်မာနိုင်ငံအနှံ့အပြား အကုန်ရအောင်လုပ်သွားမှာပါ” ဟု MTB ဘဏ်မှ တာဝန်ရှိသူက ပြောသည်။

MTB Pay အား ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေအတွက် ပိုမိုအဆင်ပြေအောင် အဓိကရည်ရွယ် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး လက်ရှိတွင် မီတာခ၊ ရုပ်သံလိုင်းဝန်ဆောင်ခ၊ ဖုန်းငွေဖြည့်သွင်းခြင်းတို့အတွက်သာ ဆောင်ရွက်နိုင်သေးပြီး နောက်ပိုင်းတွင် ဈေးဝယ်စင်တာများတွင် Scan ဖတ်သည့်စနစ်ဖြင့် ဈေးဝယ်နိုင်သည်အထိ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယနေ့တွင် MTB Pay အကောင့်စနစ်ဖွင့်လှစ်ရာတွင် အကောင့်ဖွင့်လှစ်သူ၏ နာမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်နံပါတ်နှင့် မှတ်ပုံတင်အား ဓာတ်ပုံရိုက်ပေးပို့ခြင်းများဖြင့် အလွယ်တကူဖွင့်လှစ်နိုင်ခြင်းဖြစ်သည်။ သို့သော် စတင်ဖွင့်လှစ်သူများအား အကောင့်ကို ချက်ချင်းမဖွင့်ပေးဘဲ ထည့်သွင်းထားသည့် အချက်အလက်များ မှန်ကန်မှုရှိမရှိ စစ်ဆေးပြီး ၂၄ နာရီအတွင် ပြန်လည်ပေးပို့ပေးခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *