September 20, 2024

၂၈.၈.၂၀၂၄
Written By Thandar

လူသားတစ်ယောက်နဲ့ ဝိညာဥ်မလေးရဲ့အချစ် ဒရာမာဇာတ်လမ်းပုံစံ “မင်းရှိမယ့်နေရာ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကို ယနေ့ ဩဂုတ် ၂၇ ရက် ညနေပိုင်းကရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီကားထဲမှာ အဓိက ဇာတ်ကောင်တွေက မြင့်မြတ်၊ အိချောပိုနဲ့ နန်းခင်ဇေယျာတို့ပါတယ်။ ထုတ်လုပ်သူကရွေးချယ်တာပါ။ အချစ်ကားကိုမှ ဇာတ်သိမ်းပိုင်းကိုဘယ်လိုသိမ်းမလဲဆိုတာ အိမ်က တူတွေ တူမတွေပြောနေကြတာ ငါ့ဦးလေးရိုက်ရင် ဇာတ်သိမ်းဘာဖြစ်မယ် ကြိုသိတယ်တဲ့။ သူတို့ ပြောစကားကို မခံချင်တာနဲ့ ဇာတ်သိမ်းတစ်မျိုးပြောင်းထားပါတယ်။ ဒီဇာတ်သိမ်းကို ပရိသတ်တွေပဲ ကြည့်ပြီ ဆုံးဖြတ်စေချင်ပါတယ်” လို့ ဒါရိုက်တာ အကယ်ဒမီ ညွန့်မြန်မာညီညီအောင်က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်း ဇွဲရောင်နီကရေးသားပြီး ဒါရိုက်တာ အကယ်ဒမီ ညွန့်မြန်မာညီညီအောင်က သရုပ်ဆောင်တွေဖြစ်တဲ့ မြင့်မြတ်၊ အိချောပို ၊ နန်းခင်ဇေယျာ၊ ဘုန်းလျှံ၊ မင်းသူ၊ ဇင်မျိုး၊ သိင်္ဂီထွန်း၊ တင်ဇာဝင်းပြည့်၊ Kညီ စတဲ့ သူတွေနဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။

“မင်းရှိမယ့်နေရာ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဩဂုတ် ၃၀ ရက်နေ့မှာ မြန်မာပြည်ရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *