September 20, 2024

၂၇. ၈. ၂၀၂၄
Translated by Thettant

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်မှာ သြဂုတ်လ ၂၆ ရက်က အကြမ်းဖက် တိုက်ခိုက်မှု အများအပြား ဖြစ်ပွားခဲ့တာကြောင့် အရပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် အနည်းဆုံး လူ ၇၃ ဦး သေဆုံးခဲ့ပါတယ်။

တရုတ်ဆိပ်ကမ်းနဲ့ ရွှေနဲ့ကြေးနီမိုင်း စီမံကိန်းတွေကြီးစိုးပြီး သယံဇာတပေါကြွယ်ဝတဲ့ ဒီပြည်နယ်မှာ ခွဲထွက်ရေးအတွက် ဆယ်စုနှစ်ချီအကြမ်းဖက်တိုက်ခိုက်နေတဲ့ “ဘာလိုချိစတန် လွတ်မြောက်ရေးလက်နက်ကိုင်အဖွဲ့ “ဟာ ရဲစခန်းတွေ၊ မီးရထားလမ်းတွေနဲ့ အဝေးပြေးလမ်းတွေကို အဓိကတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုအတွင်းမှာ စစ်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင်နဲ့ စစ်သွေးကြွ ၂၁ ဦးနဲ့ အရပ်သား ၃၈ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

စစ်သွေးကြွတွေဟာ အဝေးပြေးလမ်းတွေပေါ်မှာ မိသားစုတွေကို တားမြစ်ပြီး ID ကတ်တွေ စစ်ဆေးခဲ့သလို သတ်ဖြတ်မှုတွေလည်း လုပ်ဆောင်ခဲ့တာကြောင့် ခရီးသွားပြည်သူအနည်းဆုံး ၂၃ ဦးဟာ မိသားစုဝင်တွေရှေ့မှာပဲ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဘာလိုချိစတန်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

စစ်သွေးကြွတွေဟာ အီရန်နိုင်ငံနဲ့ ချိတ်ဆက်ထားတဲ့ ဂထားလမ်းကိုလည်း ဖျက်ဆီးတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ကြပြီး မီးရထားတံတားတိုက်ခိုက်ခံရမှုအနီးမှာလည်း ရုပ်အလောင်းခြောက်ခုတွေ့ခဲ့ရပါသေးတယ်။

ဘာလိုချိစတန် လွတ်မြောက်ရေးလက်နက်ကိုင်အဖွဲ့(BLA) ကတော့ ဒီတိုက်ခိုက်မှုဟာ “Haruf” @ “Dark Windy Storm” စစ်ဆင်ရေးကို လုပ်ဆောင်တာဖြစ်တယ်လို့ ဝန်ခံချက်ထုတ်ပြန်ခဲ့သလို ဒီတိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချပြီး သက်ဆိုင်ရာဌာနတွေ
အနေနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် ချက်ခြင်း အရေးယူမှု လုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharif ကလည်း တိုက်ခိုက်ခံရတဲ့နေ့မှာပဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

BLA အဖွဲ့ဟာ ပါကစ္စတန်နိုင်ငံအတွင်းက လက်နက်ကိုင်အင်အားစုတွေထဲမှာ အကြီးဆုံးအဖွဲ့ဖြစ်သလို တရုတ်စီမံကိန်းတွေကို နှင်ထုတ်လိုပြီး သယံဇာတကို ပြည်နယ်အတွက်ပဲ အသုံးချချင်တဲ့အဖွဲ့ဖြစ်တယ်လို့ ကြွေးကြော်ထားပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အရပ်သားတွေကို မကြာခဏ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်လေ့ရှိတာကြောင့် ၂၀၀၆ ခုနှစ်မှာ ပါကစ္စတန်အစိုးရက BLA အဖွဲ့ကို တရားဝင် တားမြစ်ပိတ်ပင်၊ နှိမ်နှင်းရမယ်လို့လည်း ကြေညာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *