October 23, 2024

မီးလောင်ကျွမ်းနေမှုမြင်ကွင်းကို တွေ့ရစဥ်

၂၆. ၁၂. ၂၀၂၂
Written by Naing Thuta

ခရစ္စမတ်နေ့က စကုမြို့နယ်တွင် မီးပလပ်ခုံအပူလွန်ကဲပြီး ဝါယာရှော့ခ်ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းကာ နေအိမ် ၂ လုံး မီးလောင်မှုထဲပါသွားရာမှ ကျပ် ၃၆ သိန်းကျော် ဆုံးရှုံးပျက်စီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ စကုမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရှမ်းစုရပ်(ဒေသအခေါ်)တွင် ဒီဇင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီခွဲခန့် အသက် ၄၀ ကျော်အရွယ်ရှိသည့် အမျိုးသမီးတစ်ဦး၏နေအိမ်မှ မီးပလပ်ခုံအပူလွန်ကဲပြီး ဝါယာရှော့ခ်ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ကျွမ်းမှုတွင် ပါသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၃ စီး၊ အုပ်ချုပ်မှူယာဉ် ၂ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၄၅ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးပြောပြချက်အရ သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုးပျဉ်ကာနေအိမ် ၂ လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုကာလတန်ဖိုးမှာ ၃၆,၈၀၀၀၀ ကျပ်ခန့် ပျက်စီးသွားကာ လူနှင့်တိရစ္ဆာန်ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *