September 20, 2024

၂၇.၈.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့၊ ပြည်သူ့ဆေးရုံကြီးရှေ့တွင် လမ်းဖြတ်ကူးသည့် တက္ကသိုလ်ပထမနှစ်ကျောင်းသူတစ်ဦး ယာဥ်တိုက်ခံရပြီး တိုက်သွားသည့် ယာဥ်မှာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ သြဂုတ်လ ၂၆ ရက် ညဦးပိုင်း ၆ နာရီ ၁၅ မိနစ်အချိန်တွင် ယာဥ်တိုက်ခံရသည့်ကျောင်းသူမှာ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးနှင့် မျက်နှာချင်းဆိုင် ဖွင့်လှစ်ထားသည့် ဆေးခန်းဘက်မှ ဆေးရုံကြီးရှိသည့် လမ်းတစ်ဖက်သို့ ဖြတ်ကူးစဥ် ဟိုက်ဂျက်ယာဥ်တိုက်ခံခဲ့ရခြင်းဖြစ်သည်။

“သူ့ သူငယ်ချင်းဆေးခန်းကိုသွားပြီး ဆေးရုံဘက်ကို ကူးတာ။ အဲ့ဒီနားက လူတွေပြောတာက ဟိုက်ဂျက်ယာဥ်တိုက်တာ။ အမြင့်ကြီးမြှောက်တက်သွားတာတဲ့။ သူ့ကိုသေပြီ ထင်နေတာတဲ့။ ကောင်မလေးကဦးခေါင်းနဲ့ လက်ပဲ ထိတယ်။ အသင်းကသွားတော့ သတိတော့ရသေးတယ်။ သူကဆေးရုံမှာ အလုပ်လုပ်တာလားတော့မသိဘူး”ဟု ဝန်ဇင်းလူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News ၏ မေးမြန်းမှုကို ဖြေကြားသည်။

ယာဥ်တိုက်ခံရသည့်ကျောင်းသူမှာ အသက် (၂၂) ဝန်းကျင်ရှိပြီး ဆက်လက်ကုသမှုခံယူရန် မိတ္ထီလာပြည်သူ့ဆေးရုံမှတစ်ဆင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ကုတင် (၁၀၀၀) ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – မင်းမင်း

Leave a Reply

Your email address will not be published. Required fields are marked *