September 20, 2024

◾ TNLA တပ်ဖွဲ့ဝင်များ ခြေကုပ်ယူထိန်းချုပ်နေသည့် သီပေါမြို့ ယခုလအတွင်း ဗုံးကြဲခံရမှုကြောင့် ၂၁ ဦး သေဆုံး

၂၇. ၈. ၂၀၂၄
Written by Nay Moe

TNLA နယ်မြေလုယက် ကြီးစိုးဖို့လုပ်​ဆောင်နေတဲ့ သီပေါမြို့ကို လေကြောင်းက လာရောက်ဗုံးကြဲချတိုက်ခိုက်တာကြောင့် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့မနက်မှာ ထုတ်ပြန်လာပါတယ်။

ဖြစ်စဥ်က ဒီနေ့ သြဂုတ်လ ၂၇ ရက် နံနက် ၁ နာရီ၂၀ မိနစ်က ၂ နာရီကျော်အချိန်မှာ Y-12 လေယာဥ်နဲ့ စစ်ရေးပစ်မှတ်သတ်မှတ်ရာနေရာတွေကို ဗုံးအလုံး ၅၀ ကျော်နဲ့ လာရောက်ကျဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဂျက်ဖိုက်တာနဲ့လည်း ၂ ကြိမ် လာရောက်ပြီး ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ သီပေါမြို့ အုတ်ကျင်းရပ်ကွက်က အသက် ၆၀ အရွယ် ဦးဖိုးလူ ဆိုသူနဲ့ အသက် ၅၀ အရွယ် ဦးအောင်နိုင်တို့ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၁ ရက်နေ့ကနေ သြဂုတ်လ ၂၇ ရက်နေ့အထိ TNLA တပ်ဖွဲ့ဝင်တွေ ခြေကုပ်ယူ ထိန်းချုပ်ဝင်ရောက်တိုက်ခိုက်နေတဲ့ သီပေါမြို့ကို လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် လူ ၂၁ ဦး သေဆုံးခဲ့ပြီး ၅၉ ဦးနီးပါး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုထားပါတယ်။

သီပေါမြို့မှာ တပ်စခန်းသုံးခုကလွဲရင် TNLA တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ထိန်းချုပ်ထားပြီး မြို့တစ်ခုလုံးလိုလိုကို TNLA တပ်ဖွဲ့တွေက နေရာယူထားပြီး ဒေသခံတွေကလည်း စစ်ရှောင်နေတာကြောင့် စစ်ရေးပစ်မှတ်နေရာတွေကို လေကြောင်းတိုက်ခိုက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *