September 20, 2024

၂၇.၈.၂၀၂၄
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ စက်မှုကွက်သစ်ရပ်ကွက်၊ ဂန္ဓမာစျေးအနီးတွင် ထမင်းချိုင့် ရေ​မြောင်းထဲကျသည်ကို ဆင်းဆယ်ရာမှ မောင်နှမ ၂ ဦး တောင်ကျရေနှင့်မျောပါကာ သေဆုံးမှု သြဂုတ်လ ၂၆ ရက် ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့သည်။

တောင်ကျရေနှင့်မျောပါသေဆုံးသူ မောင်နှမ ၂ ဦးအနက် မောင်ဖြစ်သူမှာ အသက် ၅ နှစ်ခန့်အရွယ်ရှိပြီး အစ်မဖြစ်သူမှာ အသက် ၁၂ နှစ်ခန့်အရွယ်ရှိကာ ခြေထောက်တွင် ပွန်းပဲ့ဒဏ်ရာနှင့် ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ( ပြည် ) ပရဟိတပါရမီထံမှ သိရသည်။

တောင်ကျရေနှင့်အတူ မျောပါလာသော ကလေးငယ် ၂ ဦးကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီမှ အဖွဲ့ဝင် ၅ ဦးဖြင့် သွားရောက်ကူညီခဲ့ပြီး ပြည်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံ၌ပင် ကလေးငယ် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ရေထဲမျောလာတဲ့ ကလေးနှစ်ယောက်ကို ရပ်ကွက်မှာနေသူတွေက ဆယ်ထားတာ။ ကလေးတွေက သတိမရတော့လို့ ဆေးရုံကို ပို့လိုက်တယ်။ ဆေးရုံမှာပဲ ဆုံးတာ “ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *