September 20, 2024

၂၇.၈.၂၀၂၄
Written by TZ

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ အောင်ပန်းမြို့၊ ပြည်သာယာစျေး၊ ကျေးဇူးရှင်ထမင်းဆိုင်အရှေ့ဘက်၊ သံလမ်းအနီးရှိ ဇီးပင်အောက်တွင် ခြောက်ဘီးကားမောင်းသည့် အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် ကြိုးဆွဲချ (ဆွဲကြိုးချ)၍ အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကြိုးဆွဲချ၍ အဆုံးစီရင်သည့် ယာဥ်မောင်းအမျိုးသားမှာ သြဂုတ်လ ၂၆ ရက် ညနေ ၃ နာရီအချိန်တွင် ကျေးဇူရှင်ထမင်းဆိုင်၌ ထမင်းစားပြီးပျောက်သွားသောကြောင့် မိတ်ဆွေများမှဖုန်းခေါ်ရာ မကိုင်၍ လိုက်လံရှာဖွေရာ ထိုဝန်းကျင်ရှိ ကလေးငယ်တစ်ဦးမှ ဖြတ်သွားဖြတ်လာရင်း ဖုန်းသံကြားရာမှ ကြိုးဆွဲချ၍သေဆုံးနေသည့် ယာဥ်မောင်းအမျိုးသားကို တွေ့ရှိခဲ့ကြောင်း သိရသည်။

“အဲ့ဒီနေ့က ယာဥ်မောင်းအချင်းချင်းကို သူကစကားလည်းမပြောဘူးတဲ့။ ထမင်းစားပြီးထွက်သွားတာ။ ပြန်မလာလို့ လိုက်ရှာတာ။ ဖုန်းသံကြားလို့ ကလေးတစ်ယောက်က အသံကြားပြီးကြည့်မှ ကြိုးဆွဲချသေတာ သူဖြစ်နေတယ်။ သူက ခြောက်ဘီးယာဥ်မောင်းတဲ့သူ။ မိသားစုတွေနဲ့တော့ အဆက်သွယ်မရသေးဘူး။ သက်ဆိုင်ရာကိုတော့ ပြောထားတယ်” ဟု ရုပ်အလောင်းအား သွားရောက်သယ်ယူသည့် အောင်ပန်းနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ကြိုးဆွဲချ၍ အဆုံးစီရင်သည့် အမျိုးသားမှာ ပဲခူးမြို့တွင် နေထိုင်သည့် အသက် (၃၆) နှစ်ဝန်းကျင်ရှိသည့် ဦးမျိုးမင်းလတ်ဖြစ်ကြောင်း၊ ရုပ်အလောင်းကို အောင်ပန်းဆေးရုံရင်ခွဲရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – နာရေးကူညီမှုအသင်း(အောင်ပန်း)

Leave a Reply

Your email address will not be published. Required fields are marked *