September 20, 2024

◾ ရုရှားနိုင်ငံ၊ ဘယ်လ်ဂိုရော့ဒ် ဒေသ၌ လူငါးဦးသေ၊ ၁၂ ဦးဒဏ်ရာရဟု အပြန်အလှန်ထုတ်ပြန်

၂၆. ၈. ၂၀၂၄
Translated by Htwe Ko Tunဒေသ၌ လူ

ယူကရိန်းစစ်ပွဲ၌ နှစ်ဖက်တိုက်ခိုက်မှုများ ယခုရက်ပိုင်းတွင် ပြင်းထန်လာကြရာ၌ ဩဂုတ် ၂၄ ရက် ညပိုင်းတွင် ရုရှားဘက်က ဒုံးကျည်ပစ်လွှတ်မှုများက ယူကရိန်းနိုင်ငံ၏ ခရာမာတော့စ်ခ်(Kramatorsk)မြို့ အတွင်း ဟိုတယ်တစ်ခုကိုထိမှန်ခဲ့ရာ Reuters သတင်းဌာနမှ သတင်းထောက်တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ပြီး ပိုလန်သတင်းထောက်တစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

ဒွန်ဘတ်စ်နယ်မြေအတွင်း ယူကရိန်းဘက်မှ တစ်ခုတည်းသော ထိန်းချုပ်ထားနိုင်သည့် ခရာမာတော့စ်ခ်မြို့ကို ရုရှားဘက်မှ တိုက်ချင်းပစ်ဒုံးကျည်များနှင့် ညလုံးပေါက်ပစ်ခတ်ခဲ့ကြရာတွင် Reuters သတင်းဌာနမှ သတင်းထောက် ခြောက်ဦးတည်းခိုနေသည့် Hotel Sapphire ဟိုတယ်ကိုထိမှန်ကာ ဒဏ်ရာရသေဆုံးမှုများဖြစ်ခဲ့ကြခြင်းဖြစ်သည်။

သေဆုံးသူ Ryans Evsan က Reuters သတင်းဌာနမှ လုံခြုံစိတ်ချရမှု အကြံပေးပုဂ္ဂိုလ်ဖြစ်ကာ ဗြိတိသျှစစ်သားဟောင်းတစ်ဦးဖြစ်ပြီး Reuters တွင် ၂၀၂၂ ခုနှစ်မှစ၍ ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းက အသက် ၃၈ နှစ်ရှိ ယူကရိန်း၊အစ္စရေးနှင့် ပါရီအိုလံပစ်ပွဲတို့တွင်အပါအဝင် ကမ္ဘာတစ်ဝန်းရှိ Reuters သတင်းဌာန၏သတင်းစာဆရာများသတင်းရယူရာတွင် စိတ်ချလုံခြုံမှုရှိစေရေး အကြံပေးရသူဖြစ်သည်။

Iskander-M ဟုယူဆရသော ရုရှားဒုံးကျည်ထိမှန်၍ ဟိုတယ်မှာလည်း ဩဂုတ် ၂၄ ရက်၊ ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၅ မိနစ်(ဂရင်းနစ်စံတော်ချိန် ည ၇း၃၅ နာရီ)တွင် ပျက်စီးခဲ့ပြီး အခြားသော Reuters သတင်းထောက်နှစ်ဦးလည်း ဒဏ်ရာရရှိကာ ဆေးရုံသို့ပို့ပေးခဲ့ရသည်။ ၎င်းတို့အနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းလည်း သိရသည်။

ထို့ပြင် ပိုလန်လူမျိုးဖြစ်သော သတင်းထောက်အမျိုးသမီး Monika Andruszewska မှာလည်း ဟိုတယ်သို့ ဒုံးကျည်များထိမှန်မှုတွင် ဒဏ်ရာရခဲ့ကြောင်း Polsat News သတင်းဌာနက‌ ပြောခဲ့သည်။ သတင်းများအရ Monika မှာ ၎င်း၏ကားကိုမောင်းနှင်လာစဉ် အနီးသို့ဒုံးကျည်ကျရောက်မှုတွင် ဒဏ်ရာရခဲ့ခြင်းဟု ဖော်ပြခဲ့ကြသည်။ ၎င်းကပျက်စီးနေသောကား၏ပုံကို လူမှုကွန်ရက်တွင်တင်ခဲ့သည်။

ရုရှားနိုင်ငံ Tass သတင်းဌာနတွင် Ryans Evsan က ခရာမာတော့စ်ခ်မြို့၌ ဒုံးကျည်ထိမှန်သေဆုံးခဲ့သည့်သတင်းကို ဖော်ပြခဲ့သော်လည်း ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဝေဖန်ပြောကြားမှု မရှိခဲ့ပေ။ ထို့ပြင် Tass က ရုရှားနိုင်ငံ၊ ဘယ်လ်ဂိုရော့ဒ်ဒေသ၊ Rakitnore မြို့ လူနေရပ်ကွက်အတွင်းသို့ ယူကရိန်းဘက်က အမြောက်များနှင့် ဩဂုတ်လ ၂၄ ရက်ညကပစ်ခတ်ခဲ့ရာတွင် လူငါးဦးသေဆုံးကာ ကလေးငယ်သုံးဦးအပါအဝင် ၁၂ ဦးဒဏ်ရာရခဲ့ကြောင်း ဖော်ပြခဲ့သည်။

Ref- The New York Times, Kyiv Post, Tass

Leave a Reply

Your email address will not be published. Required fields are marked *