September 20, 2024

၂၆.၈.၂၀၂၄
Written By Thandar

ရော့ခ်ဆန်ဆန်ပုံစံလေးနဲ့ တေးသံရှင်လိမ္မော်သီးရဲ့ အချစ်သီချင်းပုံစံ “လုံလောက်ပြီ” တေးသီချင်းသစ်ကို ပရိသတ်ကို ယနေ့လက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။

“အမကတော့ သီချင်းလေး ထွက်ဖို့ ပြင်ဆင်နေတာ ကြာပါပြီ။ ဒီကာလတွေ Single Song အနေနဲ့ သီချင်းလေး ထွက်လိုက်တဲ့သဘောပါ။ ဒီသီချင်းလေးက ပေးခဲ့ဖူးတဲ့ မေတ္တာတွေ ပြန်လျော်ပေးဖို့တောင်းဆိုထားတယ်။ ပရိသတ်တွေနဲ့ ရင်ဘတ်ချင်းထိမလားဆိုတာတော့ ပြန်လာမယ့် Feedback မှပဲ သိရမှာပါ။ အမအနေနဲ့ လုံလောက်ပြီဆိုတဲ့ သီချင်းလေးကိုတော့ အကောင်းဆုံးတော့ ကြိုးစားပြီး Music Video လေး ပရိသတ်အတွက် လက်ဆောင်အနေနဲ့ တင်ပေးထားပါတယ်။ ပရိသတ်တွေ နားဆင်အားပေးကြပါဦး”လို့ တေးသံရှင် လိမ္မော်သီးက ပြောပါတယ်။

အဆိုပါတေးသီချင်းကိုတော့ တေးရေးအနေနဲ့ So Tar က ရေးသားပေးပြီးတော့ ရော့ခ်ပုံစံလေး သီဆိုထားတာလည်း ဖြစ်ပါတယ်။ “လုံလောက်ပြီ” တေးသီချင်းရဲ့ Music Video ကို သရုပ်ဆောင်အနေနဲ့ လိမ္မော်သီး၊ ဝေလာရီနဲ့ ရှိုင်းလတ်တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“လုံလောက်ပြီ” တေးသီချင်းက ယနေ့ဩဂုတ်လ ၂၆ ရက်နေ့လယ်ပိုင်းက Tay Than Thar Application နဲ့ Online App တွေမှာ ထွက်ရှိနေပြီဖြစ်ပါတယ်။ လိမ္မော်သီးကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း “အစွန်းရောက်ချစ်တတ်ခဲ့သော” သီချင်းသစ်ကို ထွက်ရှိထားသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *