September 20, 2024

၂၆. ၈. ၂၀၂၄
Written by Nay Moe

လောက်လေးခွသာကိုင်ဆောင်ထားတဲ့ ကြို့ပင်ကောက်မြို့နယ်၊ ချောင်းခွရွာအုပ်ချုပ်ရေးမှူးဦးရန်အောင်စိုးကို PDF နှစ်ဖွဲ့ပေါင်းပြီး ချောင်းမြောင်းပစ်ခတ် လုပ်ကြံသတ်ဖြတ်လိုက်တယ်လို့ သတ်ဖြတ်ထားတဲ့ BTZM GBK PDF အဖွဲ့နဲ့ နတ်စစ်သည်အဖွဲ့က ဒီနေ့မှာ ဝန်ခံချက်ထုတ်ပြန်လာပါတယ်။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ချောင်းခွရွာအုပ်ချုပ်ရေးမှူးဦးရန်အောင်စိုးဟာ တပ်သားသစ် စုဆောင်းပေးတာ၊ ကျေးရွာအုပ်စုတစ်အုပ်စုကို ငွေကျပ် သိန်း ၂၀၀ ရာ ကောက်ခံပြီး ခြိမ်းခြောက်ငွေတောင်းခံတာတွေလုပ်နေတာကြောင့် မနေ့က ဩဂုတ် ၂၅ ရက်နေ့မှာ သတ်ဖြတ်လိုက်တာလို့လည်း ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်တဲ့ PDF နှစ်ဖွဲ့က စွပ်စွဲထားပါတယ်။

PDF နှစ်ဖွဲ့ ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်လိုက်တာကြောင့် သေဆုံးသွားတဲ့ ဦးရန်အောင်စိုးဆီက ဖုန်း ၁ လုံးနဲ့ လေးခွတစ်လက်၊ လောက်စာလုံးနဲ့ လွယ်အိတ်တစ်လုံးကိုလည်း လုယက် သိမ်းဆည်းလိုက်တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ခွဲနဲ့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ( ၃) နတ်စစ်သည် တပ်ခွဲက ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်းဟာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူအများအပြား သတ်ဖြတ်ခံရတဲ့တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးပါတယ်။

နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF, EAOs တို့ရဲ့ သတ်ဖြတ်မှုကို ခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *