September 20, 2024

၂၆.၈.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်၊ သခင်မြ (၂)လမ်းတွင် သြဂုတ်လ ၂၅ ရက် ည ၈ နာရီခွဲက နေအိမ်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ နေအိမ်၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ အလျား ၁၁ ပေ၊ အနံ ပေ ၅၀ ရှိသော ပျဥ်ထောင်သွပ်မိုး ၂ ထပ်နေအိမ်တစ်လုံးတွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ လဲကျပြီး အောက်ရှိ ကတ္တီပါစကို မီးကူးစက်၍ လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုမှာ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အလျား ၁၁ ပေ၊ အနံ ပေ ၅၀ ရှိ ပျဥ်ထောင်သွပ်မိုး ၂ ထပ်အိမ်တစ်လုံး၊အလျား ၁၀ ပေ၊ အနံ ၃၅ ပေရှိ ပျဥ်ထောင်၂ ထပ်အိမ်၏ အပေါ်ထပ်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၇ စီး၊ ရေသယ်ယာဥ် ၂ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီး၊ သန္ဓေနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင် ၇၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

နေအိမ်၂ လုံးနီးပါး မီးလောင်မှုကြောင့် အသက် ၅၂ နှစ်အရွယ် အမျိုးသမီးကြီးကို ဒေါပုံမြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *