September 20, 2024

၂၆.၈.၂၀၂၄
Written By Thandar

ဖက်ရှင်ကျပြီး ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းကို တွေ့ကြုံခံစားရစေမယ့် Oppo AI Phone 12 Series မိတ်ဆက်ပွဲကို ယမန်နေ့ ဩဂုတ် ၂၅ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ Junction City Level 2 Main Atrium မှာ ကျင်းပခဲ့ရာ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

“ဒီနေ့ကတော့ ကျွန်တော်တို့ OPPO Reno12 Series 5G, AI လေးရယ် မိတ်ဆက်တဲ့ပွဲကို တက်ရောက်ဖြစ်တာပါ။ ကျွန်တော်တော့ ဒီဖုန်းက သေချာတော့ မသုံးကြည့်ရသေးပါဘူး။ ဒါက Simple အလုံးလေးပါ။ ဒီဇိုင်းလေးက ဘယ်တော့မှ မရိုးသွားတဲ့ ပုံစံလေးလို့ မြင်ပါတယ်။ လက်ထဲမှာ ပေါ့ပေါ့ပါးပါးလည်းဖြစ်တယ်။ အကြမ်းခံတယ်ဆိုတော့ ကောင်းပါတယ်”လို့ အဆိုတော်လွှမ်းပိုင်က ပြောပါတယ်။

အဆိုပါ ဖုန်းမိတ်ဆက်ပွဲကို ဩဂုတ် ၂၄ရက်နဲ့ ၂၅ရက် ၂ ရက်တိုင်တိုင်ကျင်းပခဲ့ရာ အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် လွှမ်းပိုင်၊ အဆိုတော် 𝐋𝐢𝐥’𝐙 ၊ သရုပ်ဆောင် နေခြည်ရွှန်းလက်တို့ တက်ရောက်ခဲ့ကြပါတယ်။

အဲ့ဒီနောက် ချစ်တဲ့ပရိသတ်တွေကို တေးသီချင်းတွေဖျော်ဖြေခဲ့ပြီး ပျော်ပျော်ပါးပါး ဂိမ်းဆော့ခဲ့သလို လက်ဆောင်များပြန်ပေးကာ အမှတ်တရ ဓာတ်ပုံများရိုက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်ကလည်း OPPO မိသားစုဝင်အနုပညာရှင်တွေဖြစ်ကြတဲ့ Lu Hpring၊ ဧငြိမ်းဖြူ၊ ရှိန်းတင်ထူးတို့နဲ့ အတူ Lara Devora၊ ပြည်ညိမ်းဟန်နဲ့ Rian တို့က ပျော်ရွှင်စရာအစီအစဉ်တွေ ကျင်းပခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *