September 20, 2024

၂၅. ၈. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်တံခါးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှုးကို PDF ၆ ဦးက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ဓားနဲ့ထိုး သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ဩဂုတ် ၂၃ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်မှာ ကျောက်တံခါးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်တဲ့ အသက် ၅၁ နှစ်အရွယ် ဦးဝင်းအောင်ဟာ နေအိမ်ကနေ ယာခင်းဆီ ဆိုင်ကယ်နဲ့တစ်ဦးတည်းသွားရောက်ချိန် PDF ၆ ဦးက သေနတ်တွေကိုင်ဆောင်ကာ ဆိုင်ကယ်ကိုတားပြီး ဦးဝင်းအောင်ကိုဖမ်းဆီးကာ ကျောက်တံခါးကျေးရွာ မြောက်ဘက်က လယ်ကြီး(မြောက်)ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

အဲဒီနောက်မှာ PDF တွေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ဦးဝင်းအောင်ရဲ့ ရုပ်အလောင်းကို ဩဂုတ် ၂၄ ရက် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်ခန့်မှာ ကျောက်ပန်းတောင်းမြို့ အရှေ့မြောက်ဘက် မြောက်တောကျေးရွာအနီးမှာ နောက်ကျော ထိုးသွင်းဒဏ်ရာ ၇ ချက်နဲ့ သေဆုံးလျက်သား ပြန်လည်တွေ့ရှိခဲ့တာပါ။

ဒီဖြစ်စဥ်မှာ ကျူးလွန်တဲ့ PDF အဖွဲ့က Ah Nyar Myay People’s Defense Force (Kyaukpadaung) အဖွဲ့ဖြစ်ပြီး ကျောက်တံခါးအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သလို USDP ရပ်ကျေးဥက္ကဋ္ဌလည်းဖြစ်ဖူးတဲ့ ဦးဝင်းအောင်ကို ပျူစောထီးလို့ သတ်မှတ်ပြီး သတ်ဖြတ်လိုက်တာလို့လည်း ကျုးလွန်တဲ့အဖွဲ့က ဝန်ခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *