September 20, 2024

၂၅.၈.၂၀၂၄
Written by KL

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ ပန်းကမ္ဘာတည်းခိုခန်းတွင် ဩဂုတ်လ ၂၄ ရက် ညနေ ၅ နာရီခန့်က အမျိုးသားတစ်ဦးကို သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း ချစ်ကြည်ရေးပရဟိတအသင်း-မြိတ်ထံမှ သိရသည်။

သေဆုံးသူမှာ အောင်မင်္ဂလာရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး တည်းခိုခန်းထဲတွင် မှောက်လျက်အနေအထားဖြင့် ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“သူက တည်းခိုခန်းမှာလာနေတာ ရက်ကြာနေပြီ။ မိသားစုနဲ့လည်း အဆင်မပြေဘူးလို့လည်း သိရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို မြိတ်မြို့၊ အမှတ် (၅) ကုတင် (၁၀၀) တပ်မတော်ဆေးရုံရှိ ရင်ခွဲရုံသို့ ချစ်ကြည်ရေးပရဟိတအသင်း-မြိတ်မှ အသင်းဝင်များက ပို့ဆောင်ကူညီခဲ့​ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *