September 20, 2024

၂၅. ၈. ၂၀၂၄
Written by MMAK

◾ ဝုဗ် Vs ချဲလ်ဆီး

ပရီးမီးယားလိဂ် ရာသီအစ ပွဲစဥ်တွေမှာ နှစ်သင်းလုံး ရှုံးပွဲကိုယ်စီ တွေ့ထားကြပေမဲ့ ကစားပုံတွေ မဆိုးကြပါဘူး။ ချဲလ်ဆီးအသင်းက ကစားပုံတိုးတက်လာပေမဲ့ တိုက်စစ်က ဂိုးတစ်ဂိုးရဖို့ ခက်ခဲနေတာမျိုး တွေ့ရပါတယ်။ မနှစ်ကရာသီမှာ အိမ်ကွင်းရော အဝေးကွင်းရော ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးလ်အသင်း အခုပွဲစဥ်မှာလည်း အဓိကကစားသမား ကိုးလ်ပါးမား ကစားနိုင်ဖို့ မသေချာတဲ့ အခြေအနေကြောင့် အဝေးကွင်းမှာ ခက်ခက်ခဲခဲ ရုန်းကန်ရဦးမှာပါ။ ဝုဗ်အသင်းက အိမ်ကွင်းပွဲစဥ်တွေကို အားပြုကစားတတ်တာကြောင့် သူ့အိမ်ကွင်းမှာ အသင်းကြီးတွေကို ဒုက္ခပေးတတ်တဲ့ အသင်းဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ အိမ်ရှင်ဝုဗ်အသင်းသာ ဂိုးအရင်ရသွားရင် ချဲလ်ဆီးအသင်း နှစ်ဂိုးပြန်သွင်းနိုင်ပါ့မလား စိုးရိမ်ရပေမဲ့ ချဲလ်ဆီးအသင်းသာ ဂိုးအရင်ရခဲ့ရင် အိမ်ရှင်ဝုဗ်အသင်းက ဂိုးပြန်သွင်းနိုင်ပါတယ်။ အိမ်ကွင်းမှာ အနည်းဆုံး သရေကန်နိုင်မယ်လို့ ယူဆထားတဲ့အတွက် အိမ်ရှင်ဝုဗ်အသင်းကို ကြိုက်ပါတယ်။

◾ ဘုန်းမောက် Vs နယူးကာဆယ်

နယူးကာဆယ်အသင်းက အဝေးကွင်းအားနည်းတတ်တဲ့အသင်းဖြစ်ပြီး ခံစစ်အတွင်းလူတွေ ဒဏ်ရာရပွဲပယ်ပြစ်ဒဏ်တွေ ကြုံတွေ့နေရတာကြောင့် တိုက်စစ်ကောင်းတဲ့ အိမ်ရှင်ဘုန်းမောက် ဂိုးရနိုင်ပါတယ်။ နယူးကာဆယ်ရဲ့ ကွင်းလယ်နဲ့တိုက်စစ်ကလည်း ကောင်းမွန်တဲ့ အနေအထားဖြစ်ပြီး ဂိုးပြန်သွင်းနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဘုန်းမောက်အသင်းက တိုက်စစ်အားပြုကစားတတ်သလို အိမ်ကွင်းလည်း ဖြစ်နေတာကြောင့် နယူးကာဆယ်အသင်းကို တိုက်စစ်ချင်းယှဥ်ကစားလာမှာဖြစ်ပြီး နယူးကာဆယ်အသင်းကလည်း တိုက်စစ်ကစားဟန်နဲ့သာ တုံ့ပြန်လာနိုင်ပါတယ်။ ဒီပွဲမှာ နယူးကာဆယ်အသင်းက ဘော်ဒီကြေးပြားနှစ်ဆယ်သာပေးထားပေမဲ့ ဂိုးပေါင်းကြေးက သုံးလုံးသရေ ဖြစ်ပါတယ်။ ဘော်ဒီကြေး ပျော့နေပေမဲ့ ဂိုးပေါင်းကြေးမြင့်တက်နေသလို တိုက်စစ်အားပြုကစားလာနိုင်တဲ့ ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ရှိပါတယ်။ ပေါက်ကြေးဖော်မြူလာအရ နှစ်သင်းလုံး ဂိုးရမယ်ထင်တာကြောင့် ဂိုးပေါ်ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။

◾ လီဗာပူး Vs ဘရန့်ဖို့

နည်းပြသစ် အာနေးစလော့ရဲ့ လီဗာပူးအသင်းက
တော်တော်လေး ကောင်းမွန်တဲ့ ကစားပုံမျိုး တည်ဆောက်ထားနိုင်ပြီး ဒီပွဲမှာ ဘော်ဒီကြေး နှစ်လုံးနှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးကိုးဆယ်စားဖြစ်ပါတယ်။ ဂျာဂျင်ကလော့ ကိုင်ခဲ့တဲ့ အရင်နှစ်ကတောင် လီဗာပူးကွင်းမှာ တစ်လုံးအရှုံးသာပေးခဲ့ပေမဲ့ ယခုပေါက်နေတဲ့ နှစ်လုံးနှစ်ဆယ်စား ဘော်ဒီကြေးက တော်တော်လေးပြင်းပါတယ်။ ဘော်ဒီကြေးပြင်းရှနေပေမဲ့ ဂိုးပေါင်းကြေးကတော့ ပျော့နေပြန်ပါတယ်။ ဘရန့်ဖို့အသင်းက ပထမပွဲမှာ အနိုင်ရထားတဲ့အတွက် ဒီပွဲမှာ သရေရရင်တောင် တော်တော်ကောင်းတဲ့ ရလဒ်ကို ပိုင်ဆိုင်မှာ ဖြစ်ပြီး လီဗာပူးရဲ့ အိမ်ကွင်းမှာ ခံစစ်အားပြုကစားလာနိုင်ပါတယ်။ အိမ်ရှင်လီဗာပူး ကပ်နိုင်သွားနိုင်ပေမဲ့ ဂိုးတွေအများကြီး သွင်းတာမျိုး အပြန်အလှန်သွင်းဂိုးတွေ အများကြီး သွင်းလိုက်တာမျိုး ဖြစ်လာမယ် မထင်ပါဘူး။ ဘော်ဒီအောက်ကြေးနဲ့ ဂိုးပေါင်းအောက်ကြေး တစ်ခုခုအောင်နိုင်သလို နှစ်ခုလုံးလည်း အောင်သွားနိုင်ပါတယ်။ လီဗာပူး ကပ်နိုင်သွားလို့ရသလို အန်ဖီးလ်ကွင်း ဖြစ်နေပေမဲ့ ဒီပွဲမှာတော့ လီဗာပူးအသင်းကို ဆန့်ကျင်သွားချင်ပြီး အောက်ကြေးဘရန့်ဖို့နဲ့ ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။

◾ စိန့်ပေါ်လီ Vs ဟိုက်ဒမ်ဟိမ်း

ဂျာမန်ဘွန်ဒက်လီဂါရဲ့ ပွဲဦးထွက် ပွဲစဥ်တစ်ပွဲဖြစ်တဲ့ စိန့်ပေါ်လီအသင်းနဲ့ ဟိုက်ဒမ်ဟိမ်းအသင်းတို့ကို သုံးသပ်ပေးမှာ ဖြစ်ပါတယ်။ ဒီပွဲကို ပေါက်ကြေးအရ ရွေးချယ်ပေးမှာဖြစ်ပြီး အခုနှစ်မှ တန်းတက်လာတဲ့ စိန့်ပေါ်လီအသင်းက ဟိုက်ဒမ်ဟိမ်းအသင်းကို ပြားရှစ်ဆယ်အရှုံးဆိုတဲ့ ဘော်ဒီကြေး ခပ်ပြင်းပြင်း ပေးထားပါတယ်။ ဟိုက်ဒမ်ဟိမ်းအသင်းက အရင်နှစ်ကတည်းက အဝေးကွင်းညံ့တဲ့အသင်းမျိူး ဖြစ်ပြီး အခုရာသီမှာ အဓိကကစားသမားအများစု ထွက်ခွာသွားပေမဲ့ နောက်ဆုံး ဆယ်ပွဲဆက် မရှုံးထားဘဲ ရလဒ်တွေကောင်းနေပါတယ်။ ကြားရက်မှာ ဥရောပကွန်းဖရင့်လိဂ်တောင် ကစားနေရတဲ့ အသင်းမျိုးကို တန်းတက်အသင်းက ပြားရှစ်ဆယ်အရှုံးပေးထားတာဟာ တော်တော်လေး ပြင်းရှတဲ့ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ စိန့်ပေါ်လီအသင်း အနိုင်ရသွားနိုင်တဲ့ ပေါက်ကြေးဖြစ်တဲ့အတွက် ဘွတ်ကီဖော်လိုအတိုင်း အိမ်ရှင်စိန့်ပေါ်လီအသင်းကို ရွေးချယ်ပေးချင်ပါတယ် ။

◾ တီးနား Vs ဗီဆင်ဇာ

ဒီရာသီမှာ ကစားသမားအများကြီး ဝယ်ထားတဲ့ တီးနားအသင်း စီရီးအေ ပထမဆုံးပွဲမှာ သရေကျခဲ့သလို ကြားရက်မှာ ကစားခဲ့တဲ့ ကွန်းဖရင့်လိဂ်ပွဲမှာလည်း သရေကျခဲ့ပါတယ်။ တီးနားအသင်းက တိုက်စစ်ကောင်းတဲ့ အသင်းဖြစ်ပေမဲ့ ခံစစ်ကလည်း ဂိုးတွေပြန်ပေးရတတ်တဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်တီးနားအသင်းက တစ်လုံးသုံးဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ခြောက်ဆယ်စား ဖြစ်ပါတယ်။ ကြားရက်မှာ တီးနားအသင်းက ကွန်းဖရင့်လိဂ်ကစားခဲ့ရပြီး အသင်းငယ်လေးကို သရေကျခဲ့ခဲ့တာကြောင့် ထိုးသားတွေ တီးနားအသင်းကို အထင် သေးနေကြပြီး တစ်လုံးပြားသုံးဆယ်အရှုံးဆိုတဲ့ ဘော်ဒီကြေးမှာ အောက်ကြေးဗီဆင်ဇာကို ကြိုက်နေကြပါတယ်။  ကြားရက်မှာ တစ်ပွဲကစားခဲ့ရလို့ ပွဲပန်းနေမယ်လို့ မထင်ပါနဲ့။ တီးနားအသင်းမှာ နှစ်သင်းစာလောက်ရှိတဲ့ ကစားသမားကောင်းတွေ ရှိနေပြီး အိမ်ကွင်းပထမဆုံးပွဲမှာ အနိမ့်ဆုံး တစ်ဂိုးအသာနဲ့ နိုင်အောင်ကန်နိုင်ပါတယ်။ တီးနားအသင်း ကြေးအောင်သွားမယ်လို့ ယူဆတဲ့ အချက်ကတော့ တန်းတက်အသင်း ဗီဆင်ဇာရဲ့ ကစားပုံကို အားမရတာ ဖြစ်ပါတယ်။ တိုက်စစ်ကစားမှာလိုလို ခံစစ်အားပြုကစားမှာလိုလိုနဲ့ တိုင်ပတ်နေတတ်ပြီး တီးနားအသင်းကသာ အဆုံးသတ်သေချာရင် ဂိုးပြတ်သွားနိုင်တဲ့ နိုင်ပွဲ ဖြစ်လာမှာပါ။ တီးနားအသင်းကို ထိုးသားတွေ အထင်မကြီးဘဲ အောက်ကြေးဗီဆင်ဇာကို လူကြိုက်များလာနိုင်တာကြောင့် အိမ်ရှင်တီးနားအသင်းကို ကြိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *