September 20, 2024

၂၅.၈. ၂၀၂၄
Written by Shwe Phyo

အမေရိကန်နိုင်ငံ ကွန်နက်တီကပ်ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ်ရှိ အက်ပီရမ်စီ လူမီနီစကာ ဖူအာဇီနာ အမည်ရှိအမျိုးသမီးဟာ သူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ၉၉ ဒသမ ၉၈ ရာခိုင်နှုန်းမှာ တက်တူးတွေထိုးထားတာဖြစ်ပြီး ကမ္ဘာပေါ်ရှိ လူသားအားလုံးထဲမှာ တက်တူးအများဆုံးထိုးထားသူအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ဖူအာဇီနာအမည်ရှိ အမျိုးသမီးဟာ ၂၀၁၂ ခုနှစ်တုန်းက ခန္ဓာကိုယ်မှာ တက်တူးအများဆုံးထိုးတဲ့လူသားအဖြစ် စံချိန်တင်ထားတဲ့ မာရီယာဂျိုစ့် ခရစ္စတာနာရဲ့စံချိန်ကိုချိုးဖျက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဖူအာဇီနာရဲ့ခန္ဓာကိုယ်မှာတက်တူး ၈၉ ခုထိုးနှံ့ထားပြီး ခရစ္စတာနာရဲ့ခန္ဓာကိုယ်မှာတော့ တက်တူးအရေအတွက် ၄၉ ခုသာထိုးနှံ့ထားပြီး ဖူအာဇီနာက တက်တူးအရေအတွက် ၄၀ ကျော် ပိုမိုများပြားနေတာဖြစ်ပြီး လက်ရှိမှာတော့ ခန္ဓာကိုယ်ပေါ်တက်တူးအများဆုံးထိုးထားတဲ့ အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

ဖူအာဇီနာဟာ ပြီးခဲ့တဲ့ ၁၅ နှစ်ကျော်မှာ တက်တူးကို ပထမဆုံးအကြိမ်ထိုးခဲ့ပြီး ပြီးခဲ့တဲ့ ၁၀ နှစ်မှာ တက်တူးထိုးမှုတွေကို ပိုမိုလုပ်ဆောင်ခဲ့ကာ ခန္ဓာကိုယ်ပြင်ဆင်မှုအဖြစ် လျှာနှစ်ခွဖြစ်အောင် ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

ဖူအာဇီနာရဲ့ ခန္ဓာကိုယ် ပြင်ဆင်မှုတွေထဲမှာ နားဖောက်တာ၊ နှာခေါင်းဖောက်တာ အစရှိတဲ့ ခန္ဓာကိုယ်ဖောက်ခြင်း အများအပြားပါဝင်ပြီး တစ်သျှူးတွေကို ဆန့်ထုတ်တာ၊ မျက်လုံးတွေမှာ တက်တူးထိုးတာတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် သူမခန္ဓာကိုယ်ရဲ့ ၉၉ ဒသမ ၉၈ ရာခိုင်နှုန်းအထိ တက်တူးထိုးပြီး ဖြစ်ပေမဲ့ သူ့ရဲ့လုပ်ငန်းစဉ်တွေကမပြီးဆုံးသေးဘူးလို့ ဆိုပါတယ်။

ဖူအာဇီနာက “ကျွန်မရဲ့ခန္ဓာတစ်ခုလုံးကိုတက်တူးတွေနဲ့ ဖုံးလွမ်းထားချင်တယ်။ လက်ရှိအချိန်မှာ ကျွန်မရဲ့ဝတ်စုံအတွင်း ပိုမိုကြည့်ကောင်းစေမယ့်တက်တူးတွေထိုးဦးမယ်။ စိတ်ထဲကရည်ရွယ်ထားတဲ့အတိုင်းလုပ်ဆောင်မယ်” လို့ပြောပါတယ်။

REF , UPI

Leave a Reply

Your email address will not be published. Required fields are marked *