September 20, 2024

၂၅.၈. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၊ Mueang အရပ်ဒေသတွင် ဖြစ်ပွားခဲ့သော ရေကြီးမြေပြိုမှုများကြောင့် သေဆုံးခဲ့သောသူများတွင် မြန်မာနိုင်ငံသား သေဆုံးမှု အရေအတွက် ပိုမိုမြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံသား ၉ ဦးအထိ သေဆုံးခဲ့ရကြောင်း ထိုင်း သဘာဝဘေးအန္တရာယ် တားဆီးလျော့ပါးရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်းအာဏာပိုင်များက ရေကြီးမြေပြိုမှုများကြောင့် သြဂုတ် ၂၃ ရက်နေ့ နောက်ပိုင်းတည်းက ပျောက်ဆုံးသည့် လူ ၁၃ ဦး၏ရုပ်အလောင်းကို လက်ရှိအချိန်တွင် ပြန်လည်ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း၊ ပြန်လည်ရှာတွေ့ခဲ့သော ရုပ်အလောင်း ၁၃ ဦးမှာ မြန်မာနိုင်ငံသား ၉ ဦး၊ ရုရှားနိုင်ငံသား ၂ ဦး၊ ထိုင်းနိုင်ငံသား ၂ ဦးတို့ဖြစ်ကြောင်း ပြောသည်။

ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကလည်း ရေကြီးမြေပြိုမှုများဖြစ်ပွားခဲ့ပြီးနောက် ပျောက်ဆုံးသူများကို ရှာဖွေခဲ့သူနှင့် သေဆုံးသူများကို ကူညီထောက်ပံ့ပေးမည်ဖြစ်သလို မြေပြိုမှုဖြစ်ပွားရသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ဖူးခက် အုပ်ချုပ်ရေး ဆိုပွန် ဆူဝမ်နာရက်ကလည်း မြေပြိုမှုများကြောင့် ပျောက်ဆုံးနေသူများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရှာဖွေမှုများကို အဆုံးသတ်မည်ဖြစ်ကြောင်း၊ မြေပြိုမှုများကြောင့် ၁၃ ဦးသေဆုံးသလို ၁၉ ဦးဒဏ်ရာရခဲ့ကြောင်း ပြောသည်။

သေဆုံးခဲ့သော မြန်မာနိုင်ငံသား ၉ ဦးထဲတွင် အလုပ်သမားများပါဝင်နေသည့်အတွက် ဖူးခက်မြို့အလုပ်သမားရေးရာရုံးက သေဆုံးသူများအတွက် နစ်နာမှုလျော်ကြေးများ၊ ကူညီထောက်ပံ့ငွေများ ရရှိစေရန် လုပ်ငန်းရှင်အပြင် အလုပ်သမားဌာနနှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဖူးခက်မြို့အုပ်ချုပ်ရေးမှူးက ပြောသည်။

REF Thaithenation

Leave a Reply

Your email address will not be published. Required fields are marked *