September 20, 2024

၂၅.၈.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ကန်သာယာရပ်ကွက်၊ အကွက် (ဗ) ၂၇ တွင် သားအမိနှစ်ဦး ဓာတ်လိုက်၍ သေဆုံးသွားကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဥ်မှာ သြဂုတ်လ ၂၄ ရက် ည ၁၀ နာရီခွဲအချိန်တွင် ကန်သာယာရပ်ကွက်ရှိပြည်သူများမှ မြရည်နန္ဒာလူမှုကယ်ဆယ်ရေး အဖွဲ့ထံသို့ ဖုန်းဆက်အကူအညီတောင်းလာသောကြောင့် ဖြစ်စဥ်နေရာသို့ သွားရောက်ပြီး ဓာတ်လိုက်သေဆုံးသည့် ရုပ်အလောင်းများကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“သားကအိမ်ရှေ့မှာရေချိုးနေတာ။ အဲ့ဒီနားက မီးကြိုးက သံဇကာမှာရောက်နေတာ။ သားဖြစ်သူက သတိမထားမိတော့ လျှပ်စီးလိုက်နေတဲ့ သံဇကာကို သွားကိုင်မိတာ။ အမေဖြစ်တဲ့သူကလည်း စိတ်ပူပြီး သားကိုကိုင်မိတာ။ အဲ့ဒီမှာ ဓာတ်လိုက်ပြီးဆုံးသွားတာ” ဟု မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်လိုက်၍ သေဆုံးသည့် သားမှာ အသက် (၂၅) နှစ် ဝန်းကျင်ရှိပြီး မိခင်ဖြစ်သူမှာ အသက် (၅၀) ဝန်းကျင်ရှိကြောင်းလည်း သိရသည်။

ဓာတ်ပုံ – မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *