September 20, 2024

၂၅. ၈. ၂၀၂၄
Translated by Thettant

မြန်မာနိုင်ငံမှာ လူသုံးများတဲ့ Telegram App ကို ပူးတွဲတည်ထောင်သူ အမှုဆောင်အရာရှိချုပ် ပါဗယ် ဒူရော့ဘ်ဟာ ကိုယ်ပိုင်ဂျက်လေယာဥ်နဲ့ ပဲရစ်မြို့တောင်ပိုင်းက Bourget လေဆိပ်ဆင်းစမှာ ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ဖော်ပြလာပါတယ်။

Forbes ရဲ့ ခန့်မှန်းချက်အရ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံကြွယ်ဝတဲ့ ဘီလျံနာအမှုဆောင်အရာရှိချုပ် ပါဗယ်ဒူရော့ဘ်ဟာ အဇာဘိုင်ဂျန်ကနေ ထွက်ခွာလာပြီး Bourget လေဆိပ်ကို စနေနေ့ည ဒေသစံတော်ချိန် ည ၈ နာရီခန့်မှာ ရောာက်ရှိပြီးစမှာပဲ ဖမ်းဆီးခံလိုက်ရတာဖြစ်သလို တယ်လီဂရမ်နဲ့ ဆက်စပ်ကာ ချိုးဖောက်ထားတဲ့ ကျူးလွန်မှုတွေအတွက် ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် အခုလို ဖမ်းဆီးလိုက်တာလို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။

ဒူရော့ဘ်နဲ့ သူ့အကို နီကိုလိုင်တို့ဟာ တယ်လီဂရမ်ကို ၂၀၁၃ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ သုံးစွဲသူ သန်း ၉၀၀ ခန့်ရှိသလို သူ အရင်က ထူထောင်ခဲ့တဲ့ VK လူမှုကွန်ရက်မှာ အတိုက်အခံအင်အားစုတွေကို အသုံးပြုခွင့်မပေးဖို့ ရုရှားအစိုးရရဲ့ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ပြီးတဲ့နောက်မှာ ၂၀၁၄ ခုနှစ်ကတည်းက ရုရှားကနေ ထွက်ခဲ့သူဖြစ်ပြီး လက်ရှိမှာ‌တော့ VK ကို သူက နောက်ပိုင်ရှင်တစ်ဦးဆီ ရောင်းချထားပြီးဖြစ်ပါတယ်။

ရုရှားနိုင်ငံဖွား ဘီလျံနာဒူရော့ဘ်ဟာ Telegram အခြေစိုက်ရာ ဒူဘိုင်းမှာနေထိုင်ပြီး လက်ရှိမှာ ပြင်သစ်နဲ့ UAE နိုင်ငံသားအဖြစ် နှစ်နိုင်ငံသား ခံယူထားပေမဲ့ ပြင်သစ်မှာရှိတဲ့ ရုရှားသံရုံးကတော့ အခြေအနေ ရှင်းရှင်းလင်း လင်းသိရဖို့ လုပ်စရာရှိတာတွေ မြန်မြန်ဆန်ဆန်လုပ်နေတယ်ဆိုပြီး ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက သတင်းဖော်ပြထားသလို သူ့ကို ဒီနေ့မှာ ရုံးထုတ်ဖွယ်လည်း ရှိနေပါတယ်။

Ref, BBC & The Gurdian

Leave a Reply

Your email address will not be published. Required fields are marked *