September 20, 2024

၂၄.၈.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဇေယျာလမ်းတွင် သြဂုတ်လ ၂၄ ရက် ည ၇ နာရီခွဲခန့်က မီနီဘတ်စ် ခရီးသည်တင်ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မော်တော်ယာဥ်မီးလောင်မှုမှာ ဘတ္ထရီနှင့် ချိတ်ဆက်ထားသော မိန်းဝါယာကြိုး ချို့ယွင်းပျက်စီးပြီး အပူလွန်ကဲ၍ အနီးရှိ ဝါယာကြိုးများအား မီးကူးစက်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုမှာ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ကားထိုင်ခုံ ၂ လုံး၊ ဝါယာကြိုးများနှင့်ကားအမိုး မျက်နှာကြက်တို့ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၆ ဦးဖြင့် ငြှိမ်းသတ်ခဲ့​ရကြောင်း သိရသည်။

ကားမီးလောင်မှုနှင့်ပတ်သက်၍ အသက် ၄၂ အရွယ် အမျိုးသားကြီးကို တိုက်ကြီးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *