September 20, 2024

၂၄.၈.၂၀၂၄
Written by Hey Mar

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Ocean  Center အတွင်း ရေဝင်ရောက်နေကြောင်း သတင်းအရ ဥတ္တရသီရိခရိုင်မီးသတ်စခန်းမှ ရှင်းလင်းရေးလုပ်ငန်းစဉ်တွေ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

နေပြည်တော်မှာ မနေ့က ဩဂုတ် ၂၃ ရက်ညမှာ မိုးရွာသွန်းမှုများခဲ့ပြီး မြို့နယ်အချို့ ရေကြီး‌ ရေလျှံမှု‌တွေဖြစ်‌ပေါ်နေတာပါ။ မိုးဇလရဲ့၂၄ နာရီတိုင်းထွာရရှိချက် မှတ်သားစရာမိုးရေချိန်အဖြစ်ဖော်ပြရာမှာ ဥတ္တရသီရိမြို့နယ်က ၄ ဒသမ ၈၈ လက်မ ရွာသွန်းခဲ့ပြီး၊ ပုဗ္ဗသီရိမြို့နယ်မှာ ၄ ဒသမ ၃၃ လက်မ ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။ တောင်ကျရေစီးဆင်းမှုကြောင့် ငလိုက်ချောင်းမှာ ရေတက်နေပြီး ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ပျဉ်းမနား၊ ဇမ္ဗူသီရိမြို့နယ်တွေမှာ ရေကြီးနေကာ ဥတ္တရ Ocean က ရေတွေဝင်နေတဲ့အတွက် ဒီနေ့ ဩဂုတ် ၂၄ ရက်နေ့ တစ်ရက်ပိတ်ကြောင်း ဒေသခံတချို့ထံကနေ သိရပါတယ်။

ရေဝင်ရောက်နေတဲ့ Ocean Center ကို ဥတ္တရသီရိခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၂)စီး၊ မီးသတ်စက်ကလေး(၁)လုံး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်‌တွေနဲ့ ပုဗ္ဗသီရိနယ်မြေမီးသတ်စခန်းမှ မီးသတ်စက်ကလေး(၁)လုံး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ရေစုပ်ထုတ်ခြင်း၊ သန့်ရှင်းပေးခြင်း၊ လူနေအိမ်များအတွင်းရှိ ရွှံ့နုန်းများ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *