September 20, 2024

၂၄. ၈. ၂၀၂၄
Written by Nay Moe

ကြို့ပင်ကောက်မြို့နယ်၊ ငွေတူးကျောရွာရာအိမ်မှူးကို PDF နှစ်ဖွဲ့ပေါင်း၍ သတ်ဖြတ်လိုက်သည်ဟု သတ်ဖြတ်သည့် BTZM GBK PDF (ကြို့ပင်ကောက်မြို့)က ယနေ့ ဝန်ခံထားသည်။

သတ်ဖြတ်မှုဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ ငွေတူးကျောကျေးရွာမှ ရာအိမ်မှူးဦးမြင့်တင်အား BTZM GBK PDF
(ကြို့ပင်ကောက်မြို့)ပဲခူးရိုးမအခြေပြုတပ်ခွဲနှင့် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ( ၁ ) Dragon Brothers တပ်ဖွဲ့ နှစ်ဖွဲ့ ပေါင်း၍ ဩဂုတ် ၂၃ ရက် ည ၈ နာရီ အချိန်ခန့်တွင်
ဝင်ရောက် ဖမ်းဆီးရာ အဖမ်းမခံဘဲ ထွက်ပြေးသဖြင့် သေနတ်ဖြင့် လိုက်လံပစ်ခတ်သတ်ဖြတ်ရာ ဦးမြင့်တင်မှာ
သေနတ် ဒဏ်ရာ နှစ်ချက်ဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ရာအိမ်မှူးဦးမြင့်တင်သည် လုံခြုံရေးတပ်ဖွဲ့အလိုကျကျေးရွာအုပ်စုအတွင်း လုပ်ဆောင်ပေးနေသူ ဖြစ်ကြောင်း၊တပ်သားအသစ် စုဆောင်းပေးခြင်း၊ ဒေသခံများ အပေါ် ခြိမ်းခြောက် ငွေတောင်းခံခြင်း၊ “​PDF များကိုလည်း ဂရုမစိုက်ဘူး ကြိုက်တဲ့အချိန် လာခဲ့”ဆိုကာ စိတ်ပါလက်ပါ တက်တက်ကြွကြွ လုပ်ကိုင်နေသည့်အတွက် သတ်ဖြတ်ရကြောင်းလည်း သတ်ဖြတ်သည့် PDF နှစ်ဖွဲ့က ဆင်ခြေပေးထားသည်။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF, EAOs တို့ သတ်ဖြတ်မှု ခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *