September 20, 2024

၂၄ .၈ .၂၀၂၄
Written by MMAK

◾ ဘရိုက်တန် Vs မန်ယူ

ပြီးခဲ့တဲ့အပတ် ဖူဟမ်အသင်းနဲ့ပွဲမှာ အိမ်ရှင်မန်ယူအသင်း အနိုင်ရခဲ့ပေမဲ့ ကောင်းမွန်တဲ့ ခြေစွမ်းမျိုး မတွေ့ခဲ့ရပါဘူး။ နည်းပြအသစ်နဲ့ ဘရိုက်တန်အသင်းကတော့ အဲဗာတန်လိုအသင်းကို အဝေးကွင်းကနေ သုံးဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲမှာဆို ဘရိုက်တန်အသင်းရဲ့ ကစားပုံနဲ့ တိုက်စစ်ကစားဟန်က တော်တော်လေး ကောင်းမွန်တဲ့ အနေအထားမျိုး တွေ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်လောက်က ဘော်ဒီပေါက်ကြေး ဒဲ့ပေါက်နေပေမဲ့ အခုချိန်မှာ အိမ်ရှင် ဘရိုက်တန်အသင်းက ပြားသုံးဆယ်အရှုံးပြန်ပေးထားပါတယ်။ ဘရိုက်တန်အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေတာတောင် အထက်ကြေး ပြန်ပေးထားတာမျိုး တွေ့ရပါတယ်။ မန်ယူအသင်းရဲ့ လက်ရှိခြေစွမ်းက ယုံကြည်လို့ မရသေးတဲ့ အခြေအနေဖြစ်သလို အထက်ကြေးပေးထားတဲ့ အိမ်ရှင် ဘရိုက်တန်အသင်း ရှုံးနိမ့်သွားမယ် မထင်ပါဘူး။ အဝေးကွင်းမန်ယူအသင်းကို ထိုးသားတွေ အကြိုက်တွေ့နေတာကြောင့် အိမ်ကွင်းဘရိုက်တန်အသင်း မရှုံးနိုင်ဘူးလို့ ယူဆထားတဲ့အတွက် ပြားသုံးဆယ်ရင်းပြီး ဘရိုက်တန်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ ခရစ္စတယ်ပဲလေ့စ် Vs ဝက်စ်ဟမ်း

ပရီးမီးယားလိဂ် ပထမပွဲစဥ်မှာ ရှုံးပွဲကိုယ်စီတွေ့ထားတဲ့ လန်ဒန်မြို့ခံနှစ်သင်း ထိပ်တိုက်တွေ့ဆုံနေတဲ့ လန်ဒန်ဒါဘီပွဲ ဖြစ်ပါတယ်။ ပဲလေ့စ်အသင်းက အဝေးကွင်းမှာ ဘရန့်ဖို့အသင်းကို ရှုံးနိမ့်ခဲ့တယ်ဆိုပေမဲ့ ခြေစွမ်းပိုကောင်းခဲ့သလို အဝေးကွင်းကနေ အသာစီးရအောင် ကစားပြနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းကလည်း ဗီလာအသင်းကို ရှုံးနိမ့်ခဲ့တယ် ဆိုပေမဲ့ တိုက်စစ်ကစားပုံ ကောင်းခဲ့သလို ဂိုးရအောင် သွင်းနိုင်တဲ့ ကစားပုံမျိုး တွေ့ခဲ့ရပါတယ်။ ရှုံးပွဲကိုယ်စီ တွေ့ထားကြသလို ဒါဘီပွဲစဥ်ဖြစ်တာကြောင့် အရှုံးအနိုင် အဖြေထွက်အောင် ကန်မဲ့ပွဲလို့ ယူဆထားပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု ပွဲစဥ်တွေမှာ ဆိုရင်လည်း အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်ထားတာမျိုး တွေ့ရပါတယ်။  ဒီပွဲမှာ အိမ်ရှင်ပဲလေ့စ်အသင်းက ပြားရှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ခြောက်ဆယ်စား ဖြစ်ပါတယ်။ ဒီပွဲက အိမ်ရှင်ပဲလေ့စ်အသင်း အနိုင်နဲ့ ဂိုးပေါ် တစ်ခုခု ဖြစ်နိုင်သလို နှစ်ခုလုံးလည်း စုံအောင်သွားနိုင်ပါတယ်။ အပြန်အ လှန်သွင်းဂိုးတွေ မြင်ရမယ်လို့ ယူဆထားတာကြောင့် ဂိုးပေါ်ရွေးချယ်မှုကသာ အကောင်းဆုံး ဖြစ်ပါတယ်။

◾မန်စီးတီး Vs အစ်ဆွတ်ချ်

တန်းတက်အသင်းလေး အစ်ဆွတ်ချ်အနေနဲ့ မန်စီးတီးအသင်းရဲ့အိမ်ကွင်း အီတီဟတ်မှာ ဂိုးများများ မပေးရအောင်သာ ဆုတောင်းဖို့ဘဲ ရှိပါတယ်။ မန်စီးတီးအသင်း အနိုင်သေချာနေပေမဲ့ ဘော်ဒီကြေး သုံးလုံး ခုနှစ်ဆယ် ပေးထားတာကြောင့် ကြေးအောင်မလား မအောင်ဘူးလားဘဲ ကြည့်ရမှာပါ။ အဝေးကွင်း အစ်ဆွတ်ချ်အသင်း တစ်ဂိုးရဖို့တောင် မလွယ်တာကြောင့် မန်စီးတီးအသင်းရဲ့ သွင်းဂိုးတွေကိုပဲ မြင်ရဖို့ ရှိပါတယ်။ အစ်ဆွတ်ချ်အသင်း ခံစစ်ပိတ်ကစားမယ်ဆိုရင်တောင် နှစ်ဂိုးပြတ်လောက်က ရှုံးမှာပဲ ဖြစ်ပြီး မန်စီးတီးအသင်းသာ ဂိုးသွင်းသေချာရင် ဂိုးပြတ်အနိုင်ရသွားမဲ့ ပွဲစဥ်ဖြစ်ပါတယ်။ ဒီလိုပေါက်ကြေးမျိုးပေါက်ရင် မန်စီးတီးအသင်း ကြေးအောင်တတ်ပြီး မန်စီးတီးအသင်းကို မဆန့်ကျင်ရဲပါဘူး။ ဒီဘရိုင်း ၊ ဘာနာဒိုဆေးဗားနဲ့ ဖိုဒန်တို့ရဲ့ ဖန်တီးပေးမှုတွေနဲ့ တိုက်စစ်မှူး ဟာလန်း ဂိုးသွင်းလေ့ကျင့်မဲ့ပွဲမှာ မန်စီးတီးအသင်း ဂိုးပြတ်အနိုင်ရသွားမှာပါ။

◾ဖူဟမ် Vs လက်စတာ

ဖူဟမ်အသင်းရဲ့ တိုက်စစ်က ပြိုင်ဘက်အသင်းရဲ့ ဂိုးဧရိယာထိပ်နားရောက်ရင် ဂိုးမသွင်းတတ်တော့ဘဲ တိုင်ပတ်နေတတ်တာကြောင့် တိုက်စစ်က ဂိုးတွေအများကြီး ရနိုင်တဲ့ အသင်းမျိုး မဟုတ်ပါဘူး။ တန်းတက်လက်စတာအသင်းရဲ့ နည်းပြကြီး စတိတ်ကူးပါးက ဂိုးမပေးရဖို့အတွက် ခံစစ်ပိတ်ကစားပြီး တန်ပြန်တိုက်စစ်နဲ့ ကစားတတ်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဖူဟမ်အသင်းက ဘော်ဒီကြေး တစ်လုံးကိုးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ ဒီလိုပေါက်ကြေးမျိုးက ဘော်ဒီကြေးရော ဂိုးပေါင်းကြေးရော စုံမအောင်တတ်ပါဘူး။ ဖူဟမ်အသင်းက တိုက်စစ်အားနည်းပါတယ်ဆို ပြိုင်ဘက်လက်စတာ အသင်းက ခံစစ်အားပြုကစားတတ်တဲ့အသင်းမျိုး ဖြစ်နေတာကြောင့် ဂိုးပေါင်းအောက်ကို ပိုကြိုက်ပါတယ်။ ဒီပွဲက အလွန်ဆုံးနှစ်ဂိုးလောက်သာ ဖြစ်နိုင်ပြီး သုံးဂိုးလောက်ထိမြင်ရဖို့ မလွယ်ကူပါဘူး။ ဂိုးအောက်ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။

◾ ဆောက်သမ်တန် Vs နော်တင်ဟန်ဖောရက်

တန်းတက်အသင်းဖြစ်တဲ့ ဆောက်သမ်တန်အသင်းဟာ ပြီးခဲ့တဲ့အပတ် နယူးကာဆယ်နဲ့ပွဲမှာ မိနစ်ခုနစ်ဆယ်လောက် တစ်ယောက်အသာနဲ့ကစားခဲ့ရပေမဲ့ ဂိုးရအောင်မသွင်းနိုင်ခဲ့သလို တစ်ယောက်လျော့အသင်းကို ဂိုးပေးခဲ့ရပြီး ရှုံးခဲ့ပါတယ်။ နော်တင်ဟန်ဖောရက်အသင်းက ဘုန်းမောက်အသင်းကို သရေသာရခဲ့ပေမဲ့ ကစားပုံကောင်းခဲ့တာ တွေ့ရပြီး ကစားသမားအင်အားက အိမ်ရှင်ဆောက်သမ်တန် အသင်းထက် ပိုသာပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဆောက်သမ်တန်အသင်းက ဘော်ဒီကြေး ပြားသုံးဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ဖြစ်ပါတယ်။ လက်ရှိခြေစွမ်းအရ အိမ်ရှင် ဆောက်သမ်တန်အသင်း အနိုင်ရဖို့ မလွယ်ကူဘဲ သရေကျသွားနိုင်သလို အရှုံးပေးရတာမျိုးတောင် ဖြစ်နိုင်ပါတယ်။ နော်တင်ဟန်ဖောရက်အသင်း အနိမ့်ဆုံး သရေရအောင်ကစားနိုင်မယ်လို့ ယူဆထားပြီး သရေကျရင်တောင် ပြားသုံးဆယ် အနိုင်ရမဲ့ အဝေးကွင်း နော်တင်ဟန်ဖောရက်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ စပါး Vs အဲဗာတန်

စပါးနည်းပြ အန်ဂျီက တိုက်စစ်အသားပေး နည်းပြတစ်ယောက်ဖြစ်ပြီး စပါးအသင်းရဲ့ တိုက်စစ်ကစားပုံကလည်း တော်တော်လေးကောင်းမွန်တာ တွေ့ရပါတယ်။ လက်စတာအသင်းနဲ့ပွဲစဥ်မှာဆို ဂိုးပေါက်ကန်သွင်းခွင့်တွေ အများကြီး ရခဲ့ပေမဲ့ အဆုံးသတ်အားနည်းနေလို့သာ သရေကျခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ စပါးအသင်းက အသစ်ခေါ်ထားတဲ့ တိုက်စစ်မှူး ဆိုလန်ကီမပါနိုင်တာတောင် စပါးအသင်းရဲ့ ဘော်ဒီကြေးရော ဂိုးပေါင်းကြေးပါ မြင့်တက်လာတာမျိုး တွေ့ရပါတယ်။ အိမ်ရှင်စပါးအသင်းက ဘော်ဒီကြေး တစ်လုံးခုနှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်အရှုံး ဖြစ်ပါတယ်။ စပါးအသင်းရဲ့ အိမ်ကွင်းတိုက်စစ်ကို ယုံကြည်ထားပြီး အခွင့်အရေးရသလောက် ဂိုးသွင်းကြမယ် ထင်ပါတယ်။ တစ်လုံးသွင်းရင်တောင် ပြားခုနစ်ဆယ်ရှုံးမယ်ဆိုတဲ့ ပေါက်ကြေးမှာ စပါးအသင်းကို ရွေးချယ်မဲ့ ထိုးသားတွေကို မနေရဲအောင် ဘွတ်ကီလှန့်ထားတဲ့ ပေါက်ကြေးမျိုး ဖြစ်တဲ့အတွက် အိမ်ရှင်စပါးအသင်းကို ကြိုက်ပါတယ်။

◾ အက်စတွန်ဗီလာ Vs အာဆင်နယ်

ပရီးမီးယားလိဂ် ပထမဆုံး ပွဲစဥ်တွေမှာ အာဆင်နယ်အသင်းက ဝုဗ်အသင်းကို နှစ်ဂိုးပြတ်နိုင်ခဲ့သလို ဗီလာအသင်းကလည်း ဝက်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့ပါတယ်။ ဝုဗ်အသင်းနဲ့ပွဲမှာဆို အာဆင်နယ်အသင်းက ဂိုးမပေးရရေး အာရုံစိုက်ကစားတာမျိုး တွေ့ရပြီး ဂိုးများများသွင်းနိုင်ဖို့ထက် ဂိုးမပေးရဖို့ အဓိကထား ကစားသွားတာမျိုး တွေ့ရပါတယ်။ အမ်မရီရဲ့ ဗီလာအသင်းကလည်း ပြင်ဆင်မှု ကောင်းကောင်းလုပ်ထားတဲ့အသင်းဖြစ်ပြီး မနှစ်ကရာသီမှာ အာဆင်နယ်အသင်းကို အိမ်ကွင်းရော အဝေးကွင်းရော အနိုင်ယူထားတဲ့အသင်း ဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ ဒီပေါက်ကြေးအရ အဝေးကွင်း အာဆင်နယ်အသင်း စုံအောင်သွားဖို့ မဖြစ်နိုင်ဘဲ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး တစ်ခုခုကျသွားနိုင်သလို စုံကျသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အာဆင်နယ်အသင်းက ကစားပုံကောင်းတာ မှန်ပေမဲ့ တိုက်စစ်မှူး ဟာဗက်က ဂိုးတွေ တဒိုင်းဒိုင်းသွင်းနိုင်တဲ့ တိုက်စစ်မှူး မဟုတ်သလို ဗီလာခံစစ်ကို ဂိုးတွေအများကြီး ရဖို့လည်း လွယ်မယ်မထင်ပါဘူး။ ဒီပွဲမှာ အိမ်ရှင် ဗီလာအသင်း နှစ်ဂိုးပြတ်မရှုံးနိုင်ဘူးလို့ ယူဆထားပြီး အာဆင်နယ်အသင်းနိုင်ခဲ့ရင်တောင် တစ်ဂိုးထက် မပိုပါဘူး။ ပြားငါးဆယ်ရင်းပြီး အိမ်ရှင်ဗီလာအသင်းကို ရွေးချယ်သင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *